News

POST TAGGED AS

ရဲတပ်ဖွဲ့

အငှားယာဉ်မောင်း ဦးကျော်ဦးကို ရဲတပ်ဖွဲ့ ဂုဏ်ပြု
NLD ပါတီ၏ ဥပဒေအကြံပေး ဦးကိုနီကို ပစ်သတ်ထွက်ပြေးလာသော သေနတ်သမား ကြည်လင်းကို ဖမ်းဆီးမိရေးအတွက် ထိရောက်စွာ ကူညီပေးခဲ့သော အငှားယာဉ်မောင်း ဦးကျော်ဦးအား ဂုဏ်ပြုပွဲကို ရန်ကုန်လေဆိပ်တွင် ယနေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။

အဆိုပါ ဂုဏ်ပြုပွဲသို့ အမှတိ (၂) လုံခြုံရေး ရဲကွပ်ကဲရေးမှုး ရဲမှူးချုပ် မြဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ဒုတိုင်းရဲတပ်ဖွဲ့မှူး၊ Yangon Aerodrome ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် လေဆိပ်လုံခြုံရေး ရဲတပ်ဖွဲ့နှင့် အရာရှိများ တက်ရောက်ခဲ့ကြသည်။

အငှားယာဉ်မောင်း ဦးကျော်ဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်က ဆုငွေ ကျပ် ၅ သိန်း၊ လေဆိပ်လုံခြုံရေး ရဲတပ်ဖွဲ့က ကျပ် ၂ သိန်း၊ Yangon Aerodrome ကုမ္ပဏီက ကျပ်သိန်း ၂၀ နှင့် အမှတ် (၂) လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့က ကျပ် ၂ သိန်း ဂုဏ်ပြုခဲ့ကြသည်။

ဓာတ်ပုံ - အောင်စိုး





FOLLOW US