News

POST TAGGED AS

ရဲတပ်ဖွဲ့

နိုင်ငံတကာ ရဲတီးဝိုင်း ဖျော်ဖြေပွဲတွင် လေးနိုင်ငံမှ ရဲတပ်ဖွဲ့ဝင် နှစ်ရာကျော် စုပေါင်း ဖျော်ဖြေမည်

ရန်ကုန်၊ အောက်တိုဘာ ၂၃

မြန်မာနိုင်ငံ က ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် နိုင်ငံတကာ ရဲတီးဝိုင်း ဖျော်ဖြေပွဲတွင် ဂျပန်၊ စင်္ကာပူ၊ လာအိုနှင့် မြန်မာနိုင်ငံမှ ရဲတပ်ဖွဲ့ဝင်အင်အား ၂၇၆ ဦး စုပေါင်းဖျော်ဖြေမည် ဖြစ်ကြောင်း ရဲမှူးကြီး မျိုးသူစိုးက ပြောကြားသည်။

ရန်ကုန်မြို့ရှိ Summit Parkview Hotel တွင် ယနေ့ (အောက်တိုဘာ ၂၃ ရက်) နံနက် ၁၀ နာရီက ၂၂ ကြိမ်မြောက် နိုင်ငံတကာ ရဲတီးဝိုင်း ဖျော်ဖြေပွဲ ကျင်းပမည့် အစီအစဉ်နှင့်ပတ်သက်၍ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ယင်းသို့ ပြောကြားခဲခြင်းဖြစ်သည်။

အောက်တိုဘာလ ၂၈ နှင့် ၂၉ ရက်တို့တွင် ဆူးလေ ဘုရားလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်ရှိ ဆာကူရာတာဝါရှေ့တွင် ပြုလုပ်မည် နိုင်ငံတကာ ရဲတီးဝိုင်း ဖျော်ဖြေပွဲကို ဂျပန်နိုင်ငံ အခြေစိုက် Mainichi Newspaper ကုမ္ပဏီက စီစဉ်ပေးခြင်းဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်မည့် အလားအလာ ရှိသောကြောင့် ဖျော်ဖြေပွဲတွင် ပါဝင်ရန် ပထမဆုံးအကြိမ် ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ ဒုတိယ သံအမတ် မစ္စတာ မီနီစတာက ပြောကြားခဲ့သည်။

S-03



FOLLOW US