News

POST TAGGED AS

ရဲတပ်ဖွဲ့

28-Aug-2017

ရဲတပ်ဖွဲ့
ယာယီရဲချုပ် စက်တင်ဘာလအတွင်း ရဲချုပ်ရာထူး တရားဝင်ဖြစ်မည်
ရန်ကုန်၊ သြဂုတ် ၂၇

မြန်မာနိုင်ငံရဲတပ်ဖွဲ့၌ ယာယီရဲချုပ် တာဝန်ရယူထားသော ရဲမှူးချုပ် အောင်ဝင်းဦးသည် စက်တင်ဘာလ ဒုတိယအပတ်တွင် ရဲချုပ်ရာထူးသို့ တရားဝင် စတင်ခန့်အပ်ခံရမည် ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနထံမှ သိရသည်။

၂၀၁၇ ခုနှစ် ဧပြီလ ၃၀ ရက်က သက်ပြည့်ပင်စင်ဖြင့် ခွင့်လေးလ ခံစားနေသော ရဲချုပ်ဟောင်း ဇော်ဝင်းမှာ စက်တင်ဘာလ ၈ ရက်၌ ခွင့်ရက်ပြည့်မည် ဖြစ်သောကြောင့် ယာယီရဲချုပ်သည် ရဲချုပ်ရာထူးကို တရားဝင် လွှဲပြောင်းတာဝန်ထမ်းဆောင်ရမည် ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။

စစ်တက္ကသိုလ် အပတ်စဉ် (၂၆) မှ ကျောင်းဆင်းခဲ့သူ ရဲမှူးချုပ် အောင်ဝင်းဦးသည် CID ရဲတပ်ဖွဲ့မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ဒုရဲချုပ်ရာထူးသို့ တိုးမြှင့်ခန့်အပ်ခံရသည်။

J - 17



FOLLOW US