News

POST TAGGED AS

ရဲတပ်ဖွဲ့

11-Aug-2017

ရဲတပ်ဖွဲ့
မှုခင်းပညာပေးပြခန်းယာဉ်ဖြင့် မှုခင်းအသိပညာပေး လုပ်ငန်းများ ဆောင်ရွက်
ရန်ကုန်၊ သြဂုတ် ၁၁

ကျောက်တံတားမြို့နယ် အမှတ် ၁ ရပ်ကွက် ဆူးလေဘုရားအနီး မြို့တော်ခန်းမရှေ့တွင် သြဂုတ်လ ၁၁ ရက် နံနက် ၉ နာရီခန့်က မှုခင်းအလှပြယာဉ်ဖြင့် အသိညာပေး ဆွေးနွေးနွေးခဲ့သည်။

ထို့သို့အသိပညာပေး ဆွေးနွေးခဲ့ရာ  ရပ်ကွက်နေပြည်သူများ စုစုပေါင်း ၃၅၀ ဦးခန့် လာရောက်ကြည့်ရှု လေ့လာခဲ့ကြပြီး လေ့လာသူများကို ကဏ္ဍအလိုက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များက ရှင်းလင်းဖြေကြားပေးခဲ့သည်။

မှုခင်းပညာပေးပြခန်းယာဉ်ဖြင့် လှည့်လည်အသိပညာပေးရခြင်း ရည်ရွယ်ချက်မှာ ပြည်သူများအား ပြစ်မှုကျူးလွန်ခြင်း မခံရစေရန်၊ လူကုန်ကူးမှု အန္တရာယ်၊ မူးယစ်ဆေးဝါး အန္တရာယ် ကာကွယ်တားဆီးရန်နှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်အညီ လိုက်နာဆောင်ရွက်နိုင်စေရန်နှင့် ကမ္ဘာလှည့်ခရီးသွား နိုင်ငံခြားသားများ၏ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဗဟုသုတ ရရှိစေရန် ရည်ရွယ်ပြီး အသိပညာပေးခြင်း ဖြစ်ကြောင်း ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ယင်းမှုခင်းအလှပြ ယာဉ်တစ်စီးဖြင့် တနင်္ဂနွေ တစ်ရက်မှလွဲ၍ ကျန်နေ့ရက်များတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ စတင်၍ လှည့်လည်ပြလျက်ရှိပြီး တစ်နိုင်ငံလုံးတွင် မှုခင်းအလှပြယာဉ် ၁၂ စီးခန့်ဖြင့် လိုက်လံပြသ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

J 16



FOLLOW US