News

POST TAGGED AS

ရုရှား

26-Mar-2017 tagged as ရုရှား
အာဖဂန်နစ္စတန်ရှိ တာလီဘန်များထံ အထောက်အပံ့များကို လျှို့ဝှက်စွာ ပေးပို့နေသည်ဟူသော ထိပ်တန်း NATO ဗိုလ်ချုပ်ကြီး၏ စွပ်စွဲမှုကို ရုရှားက ငြင်းဆန်လိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
ရခိုင်ပြည်နယ် အရေးကိစ္စအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ စိုးရိမ်ကြောင်း ထုတ်ပြန်ချက်ကို ရုရှားနှင့် တရုတ်နိုင်ငံတို့က ကန့်ကွက်လိုက်သည်။
အမေရိကန် ဒုတိယသမ္မတ မိုက်ပင့်စ်က ၎င်း၏ပထမဆုံး နိုင်ငံခြားရေးမူဝါဒ မိန့်ခွန်းပြောကြားရာတွင် အမေရိကသည် နေတိုး (NATO) အုပ်စုအား ကျောထောက်နောက်ခံ ပေးရာတွင် တွေဝေခြင်း မရှိကြောင်း၊ သို့သော် ဥရောပမဟာမိတ်များ အနေနှင့် ကာကွယ်ရေး အသုံးစားရိတ်ကို တိုးမြှင့်ရမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
မိုက်ကယ်ဖလင်းနှင့် ရုရှားတို့ ဖုန်းပြောသည့် ကိစ္စများတွင် ပြဿနာ ရှိသည်ကို ယခင်သီတင်းပတ်များ ကတည်းက သမ္မတ ထရမ့်က သိရှိခဲ့သည်ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူက ပြောကြားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
22-Jan-2017 tagged as ရုရှား
ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ရှင်းလင်းသည့် ရည်မှန်းချက်နှင့် အဂ္ဂမဟာဗျူဟာရှိသူ ဖြစ်သည်။ သို့သော် ယင်းသည် များစွာသော ရီးရဲလစ်များ ယူဆထားသကဲ့သို့မဟုတ်။ ပူတင်ကို အခြေခံအားဖြင့် မောင်းနှင်နေသည်မှာ ကျိုးကြောင်းအပေါ် အခြေခံထားသည့် ခုခံမှု ရည်မှန်းချက်သာ ဖြစ်သည်ဟု အချို့က ငြင်းချက်ထုတ်လျက် ရှိသည်။ နေတိုးစစ်အုပ်စု တိုးချဲ့မှုသည် ခြိမ်းခြောက်သည့် ပုံပေါ်နေပြီး ရုရှားက ပြန်လည်တွန်းလှန်လျက် ရှိသည်ဟု ဆိုသည်။ ရုရှားကို စတေးပြီး အနောက်အုပ်စုက ၎င်း၏ သြဇာလွှမ်းမိုးမှု နယ်ပယ်ကို တိုးချဲ့လျက်ရှိပြီး ရုရှားက လက်ရှိတွင် လက်တုံ့ပြန်ပြီ ဖြစ်သည်။ ထို့ကြောင့် ယူကရိန်း အကျပ်အတည်းသည် အနောက်တိုင်း၏ မှားယွင်းမှုကြောင့်ဟု ဂျွန်မီယာ ရှီးမားက ဆိုသည်။
မကြာမီ သတင်းပတ်အတွင်း အမေရိကန်သမ္မတ ဖြစ်လာတော့မည့် ဒေါ်နယ်ထရမ့်က မိမိအနေနှင့် ရုရှားနှင့် တရုတ်နိုင်ငံတို့နှင့် ပူးပေါင်း ဆောင်ရွက်သွား ရန် ဆန္ဒရှိသည်ဟု ထုတ်ဖော် ပြောကြားလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
25-Dec-2016 tagged as ရုရှား တူရကီ
ရုရှားသံအမတ်ကြီး သတ်ဖြတ်ခံရမှုသည် ရုရှားသမ္မတ ပူတင်၏ ပိုမိုရန်လိုလာမှု၊ တူရကီသမ္မတ အာဒိုဂန်၏ အစ္စလာမ္မစ် တန်ဖိုးများ မြှင့်တင်လာမှု၊ သံအမတ်ကြီးတွင် လုံခြုံရေး အစီအစဉ် ကင်းမဲ့နေမှုတို့ကြောင့်ဟု အမျိုးမျိုး ပြောကြားနိုင်မည် ဖြစ်သည်။
25-Dec-2016 tagged as ရုရှား
လူ ၉၂ ဦး လိုက်ပါသွားသော ရုရှားစစ်သုံးပို့ဆောင်ရေး လေယာဉ်တစ်စင်းသည် ပင်လယ်နက်အတွင်း ပျက်ကျသွားခဲ့ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာလိုက်သည်။
ဒေါ်နယ်ထရမ့်၏ အောင်ပွဲမှာ ဥရောပမှ ‘လီပန်’ လိုလူမျိုးကို အားတက်စေသလို အနောက်ဆန့်ကျင်ရေး အစဉ်အလာရှိသူ ပူတင်၏ အနေအထားကိုလည်း ခိုင်မာစေသည်။ ယနေ့ လက်ယာ အများကြိုက် ပေါ်ပြူလာဝါဒက အမျိုးသားရေးဝါဒ အလံကိုလည်း မြင့်မြင့်မားမားလွှင့်ထားရာ လစ်ဘရယ်ဝါဒ၏ အားနည်းချက် တစ်ခုဟု ဆိုနိုင်သော လူ့အခွင့်အရေး အကြောင်းပြချက်ဖြင့် အမျိုးသားလက္ခဏာ ထိပါးခံနေရသော နိုင်ငံများ အထူးသတိထားဖို့ လိုပါလိမ့်မည်။