News

POST TAGGED AS

ရုရှား

ဆီးရီးယားနိုင်ငံ၏ အခြေအနေသည် အလွန်အမင်း အန္တရာယ်ကြီးမားလာသောကြောင့် အမေရိကန်ပြည်ထောင်စုနှင့် ရုရှားနိုင်ငံအနေနှင့် အတူတကွ ပူးပေါင်းလုပ်ဆောင်ရန် လိုအပ်နေသည်ဟု အမေရိကန်သံအမတ်ဟောင်း ဗစ်တိုးရီးယား နူလန်က ပြောကြားလိုက်ကြောင်း DW သတင်းတွင် ဖော်ပြထားသည်။
ရုရှား - မြန်မာ ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုအနေနှင့် ရုရှားနိုင်ငံ အဆင့်မြင့်တက္ကသိုလ်များတွင် ပညာသင်စေလွှတ်ခံရပြီး မဟာဘွဲ့နှင့် ပါရဂူဘွဲ့ရရှိခဲ့သည့် မြန်မာကျောင်းသား၊ ကျောင်းသူပေါင်း (၁၅ နှစ်အတွင်း) ယခုအခါ ၆၀၀၀ ကျော် ရှိပြီဖြစ်ကြောင်း ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာရုရှားသံရုံးက သတင်းထုတ်ပြန်သည်။
အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် ပါ့ခ်လန်းမြို့ စာသင်ကျောင်းတွင် လူ ၁၇ ဦးသေဆုံးစေခဲ့သော သေနတ်ပစ်ခတ်မှုကြီးနှင့်ပတ်သက်၍ အမေရိကန် အက်ဖ်ဘီအိုင် (FBI) အဖွဲ့ကို သမ္မတဒေါ်နယ်ထရမ့်က ပြစ်တင်ရှုတ်ချလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
အမေရိကန်သမ္မတသက်တမ်း တစ်ဝက်ကျိုးချိန်တွင် ကျင်းပမည့် လွှတ်တော်ရွေးကောက်ပွဲများကို ရုရှားက ပစ်မှတ်ထားလိမ့်မည်ဟု စီအိုင်အေညွှန်ကြားရေးမှူး မိုက်ပွန်ပီယိုက ခန့်မှန်းပြောကြားခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြထားသည်။
ရုရှားနိုင်ငံထုတ် SU-30 အမျိုးအစား ဂျက်တိုက်လေယာဉ် ၆ စင်း မြန်မာနိုင်ငံကို ရောင်းချမည့်အစီအစဉ်အပေါ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ စိုးရိမ်ကြောင်း ပြောဆိုမှုကို ရုရှားက ဇန်နဝါရီလ ၂၉ ရက်နေ့တွင် တုံ့ပြန်ပြောဆိုလိုက်သည်။
ရုရှားတွင် အစိုးရက အစောပိုင်းတွင် ပိတ်ပင်ခဲ့သည့် စတာလင်သေဆုံးခြင်းအမည်ရှိ ယူကေဇာတ်ကားကို ပြသခွင့်ရပ်ဆိုင်းလိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
ခရီးစဉ်အတွင်း ရုရှားဒုတိယကာကွယ်ရေးဝန်ကြီး အလက်ဇန္ဒားဖိုမင်၏ ပြောကြားချက်အရဆိုလျှင် မြန်မာနိုင်ငံသည် ဆူခွိုင်း-၃၀ (Su-30) တိုက်လေယာဉ်ခြောက်စီး ဝယ်ယူလိုက်ခြင်းဖြင့် ဆူခွိုင်းတိုက်လေယာဉ်များကို မြန်မာ့လေတပ်မတော်၏ အဓိကအစိတ်အပိုင်း ဖြစ်လာစေမည်ဖြစ်သလို နှစ်နိုင်ငံအကြား စစ်ရေးနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုအတွက် ထပ်တိုးတွန်းအားတစ်ရပ်လည်းဖြစ်သည်
မကြာသေးမီ လပိုင်းအတွင်း ရုရှား ရေနံတင်သင်္ဘောများသည် ပင်လယ်ပြင်အတွင်း သင်္ဘောချင်း လောင်စာလွှဲပေးသည့်နည်းဖြင့် မြောက်ကိုရီးယားကို သုံးကြိမ်ထက်မနည်း လောင်စာထောက်ပံ့ပေးခဲ့ကြောင်း၊ ယင်းနည်းဖြင့် အထီးကျန် ကွန်မြူနစ်နိုင်ငံ၏ စီးပွားရေး အသက်သွေးကြောကို ပံ့ပိုးပေးနေကြောင်း အနောက်ဥရောပ ထိပ်တန်းထောက်လှမ်းရေး သတင်းရင်းမြစ်နှစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ဖော်ပြသည်။
ခရစ္စမတ်နေ့တွင် ဗြိတိန်နိုင်ငံအနီး မြောက်ပင်လယ်သို့ ရုရှားစစ်သင်္ဘော ချဉ်းကပ်လာသဖြင့် ဗြိတိန်ရေတပ် ဖရီးဂိတ်သင်္ဘောတစ်စင်းဖြင့် စောင့်ကြည့်ခဲ့ရကြောင်း BBC က ဖော်ပြထားသည်။
မော်စကိုတွင် မြေအောက်ရထားလမ်းသို့ ဝင်ခါနီးနေရာတွင် ဘတ်စ်ကားတစ်စင်း လမ်းချော်တိမ်းမှောက်မှုကြောင့် လေးဦးသေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားသည်ဟု ရုရှားအာဏာပိုင်များက ပြောကြားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။