News

POST TAGGED AS

ရုရှား

18-Nov-2016

ရုရှား
မြန်မာ့လေတပ်အတွက် ရုရှားထံမှ ဝယ်ယူထားသည့် Yak-130 ဂျက်လေယာဉ် ၃ စီး အနက်မှ ပထမအစီး အောင်မြင်စွာ စမ်းသပ်ပျံသန်း
မြန်မာ့လေတပ်မှာ အသုံးပြုဖို့အတွက် ရုရှားထံက ဝယ်ယူထားတဲ့ Yakovlev Yak-130 တန်းမြင့် အမောင်းသင် တိုက်လေယာဉ် ၃ စီးအနက်က ပထမတစ်စီးကို အောင်မြင်စွာ စမ်းသပ်ပျံသန်းခဲ့ပြီး ဖြစ်ကြောင်း ရုရှားသတင်းဌာန RIA Novosti ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ရုရှားဟာ ယင်းတိုက်လေယာဉ် ၃ စီးကို ယခုနှစ်ကုန်မှာ မြန်မာနိုင်ငံကို အပြီးလွှဲပြောင်းပေးသွားမှာ ဖြစ်ပါတယ်။

Yak - 130 ကို ၂၀၁၅ ခုနှစ် ဇွန်လမှာ ကာကွယ်ရေးဦးစီးချုပ်က လက်မှတ်ရေးထိုး ဝယ်ယူခဲ့တာပါ။

Yak-130 ဟာ ၂၀၀၂ ခုနှစ်၊ ဧပြီလထဲတုန်းက ရုရှားလေတပ်ရဲ့ အမောင်းသင် လေယာဉ်ပြိုင်ပွဲမှာ အကောင်းဆုံးအဖြစ် ရွေးချယ်ခံခဲ့ရတဲ့ အမောင်းသင် တိုက်လေယာဉ်အမျိုးအစား ဖြစ်ပါတယ်။

ယင်းအမောင်းသင် တိုက်လေယာဉ်ကို ရုရှားလေယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီ Yakovlev နဲ့ အီတလီ ကုမ္ပဏီ Aermacchi တို့ ၁၉၉၃ ခုနှစ်မှာ ပူးပေါင်းပြီး စတင် အကောင်အထည်ဖော်ခဲ့ကာ ၁၉၉၆ ခုနှစ်မှာ ပထမဆုံး စတင်ပျံသန်းခဲ့ပါတယ်။

ဒါပေမဲ့ ၁၉၉၉ ခုနှစ်မှာတော့ ယင်းလုပ်ငန်းနှစ်ခု ပူးပေါင်းလုပ်ဆောင်မှု ရပ်ဆိုင်းသွားပြီး Yak-130 နဲ့ Aermacchi M-346 တို့အဖြစ် သီးခြား ဆက်လက်ထုတ်လုပ်ခဲ့ပါတယ်။

Ref: ruaviation.com



FOLLOW US