News

POST TAGGED AS

ရုရှား

21-Jan-2018

ရုပ်ရှင်
၂၀၁၈ မှာ ထွက်ရှိမယ့် သည်းထိတ်ရင်ဖို ဇာတ်ကားကောင်းအချို့

Winchester (ဖေဖော်ဝါရီ ၂)

စပီးရစ်ဂ် ညီအစ်ကိုတွေလို့ လူသိများတဲ့ထဲက တစ်ယောက်ဖြစ်တဲ့ ဒါရိုက်တာ ပီတာ စပီးရစ် ရိုက်ထားတာ ဖြစ်ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ Winchester House ကြီးမှာ အမှန်တကယ် ဖြစ်ပွားခဲ့တဲ့ သဘာဝလွန်ကိစ္စတွေကို အခြေခံပြီး ရိုက်ကူးထားတာပါ။ အဓိက သရုပ်ဆောင်တွေကတော့ ဟယ်ရန်မစ်ရန်နဲ့ ဂျေဆင်ကလာ့ခ်တို့ပဲ ဖြစ်ပါတယ်။ အိမ်ကြီးရဲ့ပိုင်ရှင် ဆယ်ရာဝင်ချက်စတာ (မစ်ရန်) က အခန်းတွေ အများကြီးဖွဲ့ထားပြီး မကောင်းဆိုးဝါး ဝိညာဉ်တွေကို ဖမ်းချုပ်ထားခဲ့ရာမှ ဝိညာဉ်တွေက လွတ်ထွက်သွားတဲ့အကြောင်းကို ချောက်ချားဖွယ် ရိုက်ထားတာကြောင့် ကြည့်လို့ကောင်းမယ့် ဇာတ်ကားတစ်ကားဖြစ်မှာပါ။

The Nun (ဇူလိုင် ၁၃)

The Conjuring 2 ဇာတ်ကားမှာ လော်ရိန်းဝါရန် (ဗီရာဖာမီဂါ) ကို လိုက်ခြောက်နေတဲ့ ခရစ်ယာန်သီလရှင်ကြီးရဲ့ ဇာတ်ကြောင်းကို The Conjuring ဇာတ်ကားတွေလိုပဲ ချောက်ချားစရာကောင်းပြီး ပရိသတ် စိတ်ဝင်စားအောင် ရိုက်ပြမှာကတော့ ဒါရိုက်တာ ကော်ရင်းဟာဒီ ဖြစ်ပါတယ်။ ရိုမေးနီးယားမှာ ခရစ်ယာန်သီလရှင်တစ်ဦး သတ်သေသွားတဲ့အကြောင်းကို သွားရောက်စုံစမ်းဖို့ ဘုန်းတော်ကြီးတစ်ပါးနဲ့ သူ့ရဲ့ တပည့်တစ်ဦးကို ဗာတီကန်မြို့တော်က စေလွှတ်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ နတ်ဆိုးတစ်ကောင်က သတ်သေသွားတဲ့ သီလရှင်ယောင်ဆောင်ပြီး သူတို့နှစ်ဦးကို ခြောက်လှန့်တဲ့အကြောင်းကို ရိုက်ထားတာဖြစ်ပါတယ်။ Conjuring ဇာတ်ကားတွေလိုပဲ ချောက်ချားဖို့ကောင်းအောင် ပရိသတ်ကို ချပြမှာဖြစ်တာကြောင့် ရုံတင်တဲ့အခါ မလွတ်တမ်း စောင့်ကြည့်သင့်ပါတယ်။

The Purge: The Island (ဂျူလိုင် ၄)

ဒီဇာတ်ကားကတော့ အရင်က Purg ဇာတ်ကားတွေရဲ့ နောက်ဆက်တွဲဇာတ်ကားမဟုတ်ဘဲ ဟိုးအရင်တုန်းက ရှင်းလင်းသုတ်သင်ရေးလုပ်တဲ့ စတိတ်တန် ကျွန်းလေးရဲ့အကြောင်းကို နောက်ကြောင်းပြန် ရိုက်ကူးထားပြီး ဒီကျွန်းလေးက ရှင်းလင်းသုတ်သင် ရေးတွေ ပထမဆုံး စလုပ်တဲ့ ကျွန်းလေးဖြစ်တယ်ဆိုတာကို သိသာအောင် ရိုက်ကူးထားတာဖြစ်ပါတယ်။ Purge ဇာတ်ကားတွေကတော့ ထုံးစံအတိုင်း ကြမ်းတမ်းတဲ့ သတ်ဖြတ်ခန်းတွေပါမှာမို့လို့ ကြောက်တတ်တဲ့သူများကတော့ မကြည့်သင့်ပါဘူး။

Truth or Dare (ဧပြီ ၁၃)

သူငယ်ချင်းတစ်စု အမှန်ပြောမလား ခိုင်းတာလုပ်မလားဆိုတဲ့ ကစားနည်းတစ်ခုကို ကစားပြီးတဲ့နောက်မှာ သူတို့ကိုယ်တိုင် အဲ့ဒီကစားနည်းထဲရောက်သွားပြီး တစ်ယောက်ပြီးတစ်ယောက် အသတ်ခံရတာကို သည်းထိတ်ရင်ဖိုဆန်ဆန် ရိုက်ထားတာပါ။ ဆင်ဆာခန်း အချို့ပါဝင်တာမို့လို့ မြန်မာနိုင်ငံမှာတော့ ရုံတင်ခွင့် မရလောက်ပါဘူး။

The Strangers: Prey at Night (မတ်လ ၉)

47 Meters Down ဇာတ်ကားမှ ဒါရိုက်တာ ဂျိုဟန်းနက်စ် ရောဘတ် ရိုက်ထားတာဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ The Strangers ဇာတ်ကားရဲ့ နောက်ဆက်တွဲ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ မိသားစုတစ်စု ခရီးထွက်ရင်း အမျိုးတွေရဲ့ ဘတ်စ်ကားအိမ်ကို အနားယူဖို့ သွားကြတဲ့အခါ မျက်နှာဖုံးစွပ် လူသုံးဦးက လိုက်သတ်ကြတဲ့ ဇာတ်လမ်းမျိုးဖြစ်ပါတယ်။



FOLLOW US