News

POST TAGGED AS

ရုပ်သံ

20-Sep-2016

ရုပ်သံ
မန္တလေးကြံ့ခိုင်ရေးရုံး ပြည်သူ့အကျိုးအတွက် ပြန်သိမ်းတော့မှာလား

မန္တလေးမြို့တော်  ၇၃ လမ်းပေါ် ၂၇လမ်းx၂၈ လမ်းကြားမှာရှိတဲ့ သမ၀ါယမအဆောက်အအုံဟာ တပ်မတော်အစိုးရလက်ထက် ၂၀၀၂ ခုနှစ်မှာတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ မန္တလေးတိုင်းဒေသကြီးရုံးအဖြစ် ပြောင်းလဲရယူခဲ့ပါတယ်။ 

အဲဒီမြေနေရာနဲ့ အဆောက်အအုံတွေကို အများပြည်သူအကျိုးအတွက် ပြန်လည်သိမ်းဆည်းဖို့ ဒီနေ့(စက်တင်ဘာ ၂၀ ရက်)မှာ ကျင်းပတဲ့ ဒုတိယအကြိမ်မြောက် မန္တလေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန် အစည်းအဝေး (ပထမနေ့)မှာ ဒီမိုကရက်တစ်ပါတီ(မြန်မာ)ကနေ ယှဉ်ပြိုင်အနိုင်ရခဲ့တဲ့ ချမ်းအေးသာစံမြို့နယ် အမှတ်(၁)မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်ဦးအောင်ရွှေက မေးမြန်းခဲ့ပါတယ်။ 

အဲဒီ့လို မေးခွန်းမေးမြန်းခဲ့တာနဲ့ပတ်သက်ပြီး ဦးအောင်ရွှေက ဘာတွေပြောကြားထားပါသလဲ။ ကြံ့ခိုင်ရေးရုံးအဖြစ် အသုံးပြုနေတာနဲ့ပတ်သက်ပြီးတော့ရော ဘယ်လိုတွေ ဝေဖန်ထားပါသလဲ။ ဆက်လက်စီမံဆောင်ရွက်သွားဖို့ရှိတာတွေနဲ့ပတ်သက်ပြီးတော့ရော ဘာတွေပြောကြားခဲ့ပါသလဲ။

အဲဒီ့အဆောက်အအုံနဲ့ပတ်သက်ပြီး မန္တလေးမြို့တော်ဝန်ကရော ဘယ်လို တုံ့ပြန်ဖြေကြားထားပါသလဲ။

မန္တလေးမြို့က ကြံ့ခိုင်ရေးရုံးကို ပြည်သူ့အကျိုးအတွက် ပြန်လည်သိမ်းစည်းရေးနဲ့ပတ်သက်ပြီး မေးမြန်း၊ ဖြေကြား၊ ဝေဖန်ထောက်ပြ၊ ပြောဆိုလာတာတွေကို The Voice က ရုပ်သံအစီအစဉ်အဖြစ် စီစဉ်တင်ဆက်လိုက်ရပါတယ်။



  • VIA


FOLLOW US