News

POST TAGGED AS

ရုပ်ရှင်

13-Dec-2016 tagged as ရုပ်ရှင်
အဘိုးကြီး ဂျော့စ်နှင့် အဘွားကြီး အန်နီတို့ လင်မယားသည် ဂီတသင်တန်း ဆရာများဖြစ်ကြပြီး ယခုအချိန်မှာတော့ အသက်အရွယ် အိုမင်းလာပြီဖြစ်သဖြင့် အငြိမ်းစား ယူကာ ပါရီရှိတိုက်ခန်း တစ်ခုတွင် နေထိုင်ကြသည်။ သူတို့၏ သားသမီး နှစ်ယောက်က အဝေး တစ်နေရာတွင် နေထိုင်၍ အလုပ် လုပ်ကြသည်။
05-Dec-2016 tagged as ရုပ်ရှင် movie
1977 ခုနှစ်ထဲမှာ အီရန်နိုင်ငံ တစ်ခုလုံး ဆူပူအုံကြွမှုတွေ ဖြစ်ပွားသည်။ ထိုအခါ သူတို့ တိုင်းသူ၊ပြည်သားတွေသာမက သူတို့ နိုင်ငံထဲမှာ နေထိုင်သည့် နိုင်ငံခြားသားတွေပါ ဒုက္ခ ရောက်ကြရတော့သည်။ တီဟီရန်မှာ ရှိနေသည့် အမေရိကန် သံရုံးက ဝန်ထမ်းတွေမှာ ပို၍ ဒုက္ခ ရောက်ကြရသည်။
28-Nov-2016 tagged as ရုပ်ရှင်
နေရောင်ခြည်နုနုကလေးတွေ ဖြာကျနေမှုကြောင့် မြက်ရိုင်းလွင်ပြင်သည် ရွှေရောင်တောက်နေသည်။ ဂီတသံကလေး ခပ်လွင့်လွင့် တက်လာချိန်၌ မီးခိုးရောင်ဖျော့ဖျော့ တောက်နေသော အနွေးထည် ကလေးအောက်ခံ၌ အပြာရင့်ရောင့် အင်ကျီစကက်ဝမ်းဆက်နှင့် အမျိုးသမီးကြီး တစ်ယောက် လွင်ပြင်ထဲသို့ ရောက်လာသည်။
21-Nov-2016 tagged as ရုပ်ရှင်
ပင်လယ်ပြင်က လှိုင်းတံပိုးလေးတွေ လှုပ်ရှားနေပုံကို မြင်နေရသည်မှာ တရွေ့ရွေ့ မောင်းနှင်လာသည့် ဘတ်စ်ကားအိုကြီး တစ်စီးနှင့် ဆင်တူသည်။ ဖြေးညင်းစွာဖြင့် ကမ်းရှိရာဆီ တွန့်ခေါက်လွန့်လူးလျက် ပြေးလာကြသည်။ ကမ်းခြေရောက်ပြန်သည့်အခါ ကွဲပြိုသွားသော်လည်း နောက်ထပ် လှိုင်းကလေးတွေကတော့ အားကြိုးမာန်တက် ရောက်ရှိလာဆဲပင်။ ပင်လယ်သည် ခက်ထန်လွန်းသည် ဆိုသည့် စကားကို မကြားဘူးသေးသည့် ကလေးငယ်တစ်ယောက် အသွင်လိုမျိုး အပြစ်ကင်းနေလေသည်။
ကျွန်တော်တို့ အိမ်ပြန်ခဲ့ကြပါသည်။ နည်းလမ်းအမျိုးမျိုးဖြင့် အိမ်ရှိရာဆီ ပြန်လာခဲ့ကြသည်။ တစ်ချို့သူတွေ မိမိချစ်သူမြတ်နိုးသူ သွေးသားရင်းချာစ သူတို့ဖြင့် ပြန်ဆုံလျှင် ပျော်ကြမည်။ ပျော်ကြတော့သည်။ အိမ်ပြန်ချိန်တစ်ခုရဲ့ လှပသော နိဂုံးကမ္ပတ်ကလေးပါပဲ။ အရင်က ဒုက္ခသောကများကို အိမ်ပြန်ချိန်ခရီး အဆုံးသတ်က မေ့ပျောက်သွားအောင် ကုစားသွားနိုင်ပါသည်။
မီဒီ၏ ရည်မှန်းချက်က အော်စကာဆု မဟုတ်။ ငွေကြေးမဟုတ်။ ဇာတိမြေက လူများအကြောင်း၊ မြန်မာနိုင်ငံက ရိုးရာ၊ ယဉ်ကျေးမှုများအကြောင်း၊ ဝတ်စားဆင်ယင်မှုများ ကြောင်းကို ရိုက်ကူးကာ ကမ္ဘာသို့ တင်ပြရန် ဖြစ်သည်။
30-Oct-2016 tagged as ရုပ်ရှင်
မျက်မှောက်ခေတ်ကာလတွင် သတင်းဆက်သွယ်မှု ကဏ္ဍသည် အထူးအရေးပါလာပြီဟု ပြောလို့ရသည်။ သတင်းစာတွေ/ဂျာနယ်တွေ အများအပြား ဖြန့်ချီလာကြသလို အဓိကထိတွေ့မှု များသော ပိုမိုမြန်ဆန်စွာ ဖြန့်ဝေနိုင်သော ရုပ်သံမီဒီယာတွေလည်း တစ်နေ့ထက် တစ်နေ့ တိုး၍ ပျံ့နှံ့လာသည်ကို တွေ့ကြရမည်။
ကုန်ခဲ့သည့် နှစ်ပေါင်း (၂၀) ကျော်အတွင်း မြန်မာ့ရုပ်ရှင်အကြောင်း စိတ်ဝင်တစား ပြောဆိုဆွေးနွေးမှု နည်းပါးခဲ့သော်လည်း ယခုတစ်ကြိမ်တွင် လူပေါင်းသောင်းနှင့်ချီ၍ မြန်မာ့ရုပ်ရှင်အကြောင်း ဝေဖန်ပြောဆိုနေကြသည်။ Facebook စာမျက်နှာတွင် Event ပွဲတစ်ခုစီစဉ်လျှင် အလွန်ဆုံး လူအများဆုံး စိတ်ဝင်စားလျှင် ထောင်ဂဏန်းသာ ရှိတတ် သ်ာလည်း မြန်မာပေါကားတွေရပ်၊ မြန်မာပေါကား မကြိုက်ကြသူများ Event ပွဲကို မြန်မာ့ရုပ်ရှင်ကြည့် ပရိသတ် သောင်းဂဏန်းက ပါဝင်ဆင်နွှဲနေခြင်း ဖြစ်သည်။
02-Oct-2016 tagged as ရုပ်ရှင်
ဒီခေါင်းစဉ်မြင်လိုက်ရုံနှင့် Western Films တွေကို ကြည့်နေကျ ပရိတ်သတ်တွေ သိပြီးသား ဖြစ်မည်ဟု ယုံကြည်မိပါသည်။ ဟောလိဝုဒ်ရဲ့ အစဉ်အလာ ကြီးမားလွန်းတဲ့ ကောင်းဘွိုင်ရုပ်ရှင်ကားတွေထဲမှာ ယခုရုပ်ရှင်ကားကလည်း ထိပ်တန်းစာရင်းမှာ အမြဲလိုပင် နေရယူထားပါသည်။ ယခုဇာတ်ကားရဲ့ အရှိန်အဝါကိုယူပြီး ကောင်းဘွိုင်ရုပ်ရှင်တွေ တစ်သီကြီး ထွက်လာခဲ့သည်။