News

POST TAGGED AS

ရီးယဲလ်

21-Sep-2017 tagged as ရီးယဲလ်
ရီးရဲလ်မက်ဒရစ်အသင်းသည် ဘက်တစ်ကို တစ်ဂိုး ဂိုးမရှိဖြင့် အရေးနိမ့်ခဲ့ရသည့် လာလီဂါပွဲစဉ်အပြီးတွင် ပြိုင်ပွဲအရပ်ရပ်၌ ပွဲစဉ် ၇၃ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့သည့် စံချိန်ကောင်းတစ်ခု ကျိုးပျက်သွားခဲ့ရကြောင်း Daily Mail က ဖော်ပြထားသည်။
15-Sep-2017 tagged as ရီးယဲလ်
ရီးရဲလ်မက်ဒရစ် ညာနောက်ခံ ကစားသမား ကာဗာဂျယ်လ်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ လီဗန်တေးတို့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တဲ့ လာလီဂါပွဲစဉ်မှာ လီဗန်တေး ကွင်းလယ်လူ လာမာကို မျောက်လို့ခေါ်ပြီး လူမျိုးရေး ခွဲခြားစော်ကားခဲ့ပါတယ်။
15-Sep-2017 tagged as ရီးယဲလ်
ရီးရဲလ်မက်ဒရစ်ဟာ အသင်းကွင်းလယ်ကစားသမား အစ္စကိုကို ငါးနှစ်သက်တမ်းရှိတဲ့ စာချုပ်သစ်တစ်ရပ် လက်မှတ်ရေးထိုးလိုက်ပါပြီ။
ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်ဟာ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီကို ခေါ်ယူဖို့အတွက် စဉ်းစားနေပြီလို့ သတင်းတွေ ပျံ့နှံ့လာပါတယ်။
25-Aug-2017 tagged as ရီးယဲလ်
ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး စီရော်နယ်ဒိုသည် ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) က ပေးအပ်ချီးမြှင့်သည့် ဥရော ပတစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ၂ နှစ်ဆက် ဆွတ်ခူးသိမ်းပိုက် ရရှိသွားခဲ့ပြီ ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
15-Aug-2017 tagged as ရီးယဲလ်
လာလီဂါ ပြိုင်ပွဲစည်းကမ်းထိန်းသိမ်းရေးကော်မတီဟာ တိုက်စစ်မှူး စီရော်နယ်ဒိုကို သူတို့ဘက်က ငါးပွဲပယ် ပြစ်ဒဏ်ချမှတ် အရေးယူတာကို မကျေနပ်ခဲ့ရင် ၁၀ ရက်အတွင်း အယူခံ တင်သွင်းနိုင်တယ်လို့ ရီးရဲလ်မက်ဒရစ်ဆီကို အကြောင်းကြားစာ ပေးပို့လိုက်ပြီ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်း တာဝန်ရှိသူများသည် အသင်းတိုက်စစ်မှူး စီရော်နယ်ဒို ပေးဆောင်ရန် ကျန်ရှိနေသည်ဟု စပိန်အစိုးရ ရှေ့နေများနှင့် စပိန်အခွန်ဌာနတို့က စွပ်စွဲတောင်းဆိုထားသည့် အခွန်ငွေပမာဏ ပေါင် ၁၃ သန်းကို ကိုယ်စားပေးဆောင်ရန် စီစဉ်နေပြီ ဖြစ်ကြောင်း AS က ဖော်ပြထားသည်။
ချယ်လ်ဆီးအသင်း တိုက်စစ်တောင်ပံကစားသမား ဟားဇတ်သည် ဘယ်လ်ဂျီယံ လက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ နိုင်ငံတကာပွဲစဉ်များ ယှဉ်ပြိုင်ကစားရန် လေ့ကျင့်ရေးဆင်းရာတွင် ခြေမျက်စိအရိုးကျိုး ဒဏ်ရာရရှိသွားခဲ့သည့်အတွက် ကာလအတန်ကြာ အနားယူရမည့် အခြေအနေတစ်ရပ်ကို ရင်ဆိုင်လိုက်ရပြီဖြစ်ကာ အခန့်မသင့်ပါက ဟားဇတ်မှာ ၂၀၁၇-၁၈ ဘောလုံးရာသီ အစောပိုင်းပွဲစဉ်အချို့ကို လွဲချော်သည်အထိ ဖြစ်သွားနိုင်ကြောင်း BBC က ဖော်ပြထားသည်။
05-Jun-2017 tagged as ရီးယဲလ်
ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး စီရော်နယ်ဒိုသည် ရီးရဲလ်မက်ဒရစ်က ဂျူဗင်တပ်ကို လေးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ် ဗိုလ်လုပွဲအပြီးတွင် ဆံပင်ပုံစံသစ် ပြောင်းလဲလိုက်ပြီး ဆံပင်ဒီဇိုင်းသစ် ပြောင်းလဲလိုက်ကြောင်းကို ချန်ပီယံလိဂ် ဗိုလ်လုပွဲအပြီး တစ်နာရီအကြာတွင် အင်စထရာဂရမ် လူမှုကွန်ရက်စာမျက်နှာက တစ်ဆင့် စီရော်နယ်ဒိုက အသိပေးခဲ့ခြင်း ဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။
မန်ယူအသင်းသည် ရီးရဲလ်မက်ဒရစ် တိုက်စစ်တောင်ပံကစားသမား ဂါရတ်ဘေးလ်ကို ခေါ်ယူရန်အတွက် အခြေအနေတစ်ရပ်ကို စောင့်ကြည့် အကဲခတ်နေပြီး အကယ်၍ ရီးရဲလ်မက်ဒရစ်နှင့် ဂျူဗင်တပ်တို့ ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် အသင်းပွဲထွက်လူစာရင်း၌ ၎င်းကို နေရာပေးခြင်း မရှိပါက အသင်းပြောင်းရွှေ့ ကစားရေးကို ဂါရတ်ဘေးလ်က စဉ်းစားလာဖွယ် ရှိသည်