News

POST TAGGED AS

ရန်ဟီးလီ

မန်းဝိန်းကြီး စစ်ဘေးရှောင်စခန်းတွင် အသက်ကြီးသူအချို့ အာဟာရပြတ်သေဆုံး

ရန်ကုန်၊ ဇန်န၀ါရီ ၆

ကချင်ပြည်နယ် မန်စီမြို့နယ် မန်းဝိန်းကြီး စစ်ရှောင်စခန်းတွင် စားနပ်ရိက္ခာ ထောက်ပံ့မှု မရရှိသည့်အတွက် သက်ကြီးရွယ်အို ရှစ်ဦးခန့် သေဆုံးမှု ရှိလာကြောင်း ယင်းစခန်းများသို့ ရောက်ရှိခဲ့သည့် အဖြူရောင် တွဲလက်များ အဖွဲ့မှ အဖွဲ့ဝင်ကိုဘိုဘိုက ပြောကြားသည်။

“ရိက္ခာပို့ သွားဖို့ အခက်အခဲဖြစ်တော့ ဆန်ကို ချွေတာ စားနေကြတယ်။ အသက်ကြီးသူ တချို့က ကလေးတွေကို ညှာတော့ စိတ်ထိခိုက်တာရော၊ အာဟာရ ပြတ်တာရောပေါင်းပြီး သေတာ ရှိတယ်။ မြို့နယ် နှစ်ခုမှာတင် စစ်ကြောင့် ပြေးနေတဲ့သူ ၉၀၀၀ နီးပါး ရှိတယ်။ မန်းဝိန်းကြီးဆိုရင် တရုတ်ဘက်ကနေပတ်ပြီး နောင်တောင်းကနေ ပြန်ဝင်ရတယ်။ ဒါတောင် ဆန်အိတ်ကို အကန့်အသတ်နဲ့ပဲ ၀င်နေရတယ်”ဟု ၎င်းကဆိုသည်။

မန်းဝိန်းကြီးမြို့နယ်အတွင်း အထက် စစ်ရှောင်စခန်းတွင် စစ်ရှောင်ဦးရေ ၂၂၆၁ ဦးနှင့် အောက်စစ်ရှောင်စခန်းတွင် စစ်ရှောင်ဦးရေ ၅၁၅ ဦးရှိသည်။

နမ့်ခမ်းမြို့နယ်တွင်မူ စစ်ရှောင် စခန်း ငါးခုရှိပြီး စစ်ရှောင်ဦးရေ ၅၀၀၀ ခန့် ရှိနေကြောင်း အဖြူရောင် တွဲလက်များအဖွဲ့၏ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိစစ်ရှောင်စခန်းများ ဖြစ်ပေါ်နေသည့် စားနပ်ရိက္ခာလုံခြုံရေး အကျပ်အတည်းနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

ရိက္ခာ ပို့ဆောင်ရန် မူဆယ်-နမ့်ခမ်းလမ်း၊ နမ့်ဖက်ကာလမ်း၊ ဗန်းမော်လမ်းကြောင်းတို့ကို သွားလာခွင့် မပေးဘဲ တရုတ် ပြည်ဘက်မှပတ်ကာ နောင်တောင်းမှ ပြန်ဝင်သည့် လမ်းကြောင်းကိုသာ နားလည်မှုဖြင့် သွားလာခွင့် ပေးထားကြောင်း ယင်းနယ် မြေသို့ ရောက်ရှိခဲ့သည့် ကိုဘိုဘိုကဆိုသည်။

ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) မှ ကူညီ ထောက်ပံ့သည့် ဆန်အိတ်ခွံများ လက်နက်ကိုင် တပ်ဖွဲ့ နယ်မြေများတွင် တွေ့ရှိရသည့်အတွက် ရိက္ခာထောက်ပံ့မှုကို ဖြတ်တောက်ထားသဖြင့် ဒေသခံအဖွဲ့အစည်း များ၊ ဘာသာရေးအဖွဲ့အစည်းများ၏ ကူညီမှုနှင့် ထောက်ပံ့ပေးနေရကြောင်း အဖြူရောင်တွဲလက်များအဖွဲ့မှ အစီအစဉ် ညှိနှိုင်းရေးမှူး ကိုသီဟမောင်မောင်က ပြောကြားသည်။




FOLLOW US