News

POST TAGGED AS

ရန်ကုန်

08-Sep-2016 tagged as ရန်ကုန်
"သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ ဖွဲ့စည်းချိန်ကစပြီး စီးတီးတက္ကစီအဖြစ် ဆောင်ရွက်မှု နည်းလာတယ်။ ယာဉ်အရေအတွက်ပဲ မတိုးလာတာလား။ နောက်ဥပဒေထွက်မှပဲ သက်တမ်း တိုးမှာလားဆိုတာ သေချာမသိဘူး။ ဘာကြောင့် နည်းသွားတယ်ဆိုတာ အတိအကျတော့ မပြောနိုင်သေးဘူး"
08-Sep-2016 tagged as ရန်ကုန်
"ရန်ကုန်တိုင်းထဲက အသင်းအဖွဲ့တွေ ရှိတဲ့နေရာတိုင်းမှာ စီမံချက်နဲ့ သုံးမြို့နယ်တစ်စုစီ လုပ်မှာပါ။ သုံးမြို့နယ်ကို တစ်ရက်စီ မုန့်ဖတ် လုပ်ငန်းရှင်တွေနဲ့တွေ့ပြီး ဓာတုဆေး ကင်းရှင်းရေးလုပ်ငန်း ဆောင်ရွက်မှာပါ"
07-Sep-2016 tagged as ရန်ကုန်
ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် ၁၀၄ ရပ်ကွက် ဆင်းဧကရီလမ်း၌ စက်တင်ဘာ ၆ ရက် ညနေ ၅ နာရီခွဲက ဘိုးမင်းခေါင်ပုဂ္ဂိုလ်ဝင်ပူးသည်ဟုဆိုကာ အော်ဟစ်ဆဲဆိုနေသော အမျိုးသားတစ်ဦးကို ဖမ်းဆီးအရေးယူထားကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်
"ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို တင်ဒါစနစ်နဲ့ ခေါ်ယူပြီး ပူးပေါင်း ဆောင်ရွက်သွားပါမယ်။ လှိုင်သာယာနဲ့ သန်လျင်၊ ကျောက်တန်းမြို့နယ်တွေမှာ အများပြည်သူအတွက် တန်ဖိုးသင့်နဲ့ တန်ဖိုးနည်းအိမ်ရာတွေကို အမြန်ဆုံး အကောင်အထည်ဖော် တည်ဆောက်သွားပါမယ်"
05-Sep-2016 tagged as ရန်ကုန်
"အာဏာပိုင်အဖွဲ့နဲ့အခုလို ပူးပေါင်းဆောင်ရွက်တာ ပထမဆုံးအကြိမ်ပဲ။တစ်ရက်တာ ဖမ်းဆီးရမှုတွေကို တရားရုံးကို တင်ပြမယ်။ မလုပ်လို့ မဖြစ်တော့တဲ့အတွက် ထိရောက်စွာ အရေးယူမယ်"
"လောလောဆယ် ယာဉ်ကြောပိတ်ဆို့မှုကို အဓိကထား ဖြေရှင်းနေပါတယ်။စည်းကမ်းပိုင်း အရေးယူတာက အခုမှ စတင် အရေးယူတာဆိုတော့ အခုက လိုင်စင်မဲ့ယာဉ်တွေ အရေးယူ ဆောင်ရွက်နေတယ်။ ယာဉ်တင်သွင်းခွင့်ကို ပိတ်ထားတာ မဟုတ်ပါဘူး။ ပြန်လည်ဖွင့်ပေးမယ်။ ဒါပေမဲ့ အချိန်ကာလတစ်ခုတော့ စောင့်ရပါမယ်"
31-Aug-2016 tagged as ရန်ကုန်
“ပြည်လမ်းပေါ်က စည်းကမ်းမဲ့ လမ်းဘေးဈေးသည်တွေကို စည်ပင်အဖွဲ့က မရောင်းချဖို့ ပြောဆိုပြီး ဖယ်ရှားခိုင်းရာက သရက်သီး ရောင်းနေတဲ့ အမျိုးသမီးက သူ့ဗန်းထဲက ငရုတ်သီးမှုန့်နဲ့ စည်ပင်ဝန်ထမ်း အမျိုးသားရဲ့ မျက်နှာ ကို ပက်ခဲ့တာ၊ ပြီးတော့ ဈေးဗန်းထဲမှာရှိတဲ့ ငံပြာရည်နဲ့ပါ လောင်းခဲ့တယ်လို့ အမှုဖွင့် တိုင်ကြားချက်အရ သိရတယ် ”
30-Aug-2016 tagged as ရန်ကုန်
ဒဂုံမြောက် အမှတ် ၅၁ ရပ်ကွက်နှင့် မြောက်ဥက္ကလာသို့ ဆက်သွယ်ထားသည့် ကြိုးတံတားမှာ ယနေ့(သြဂုတ် ၃၀ ရက်) မွန်းလွဲ ၁ နာရီခွဲက သမ္ဗာန်တစ်စီး ဝင်တိုက်ရာ တံတားအစိတ်အပိုင်းအချို့ ပျက်စီးခဲ့ကြောင်း ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်