News

POST TAGGED AS

ရန်ကုန်

08-Dec-2016 tagged as ရန်ကုန်
သက်ဝင်လှုပ်ရှား ရန်ကုန်မြို့လမ်းမများ ပွဲတော်ကို ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ မဟာဗန္ဓုလလမ်းနှင့် ဘဏ်လမ်းတို့တွင် ဒီဇင်ဘာ ၁၀ ရက်နှင့် ၁၁ ရက် နှစ်ရက်ဆက်တိုက် ညနေ ၅ နာရီမှ ၉ နာရီအထိ ကျင်းပသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
ရန်ကုန်မြို့လယ် ကျောက်တံတား မြို့နယ် ၃၈ လမ်း အလယ်ဘလောက်ရှိ ဖက်ရှင်ဆိုင်တစ်ခုတွင်ဒီဇင်ဘာလ ၇ ရက် မွန်းလွဲ ၃ နာရီက ဆိုင်ဝန်ထမ်း အမျိုးသမီးကို အမည်မသိ အမျိုးသားတစ်ဦးက ချွှန်ထက်သော အရာဖြင့်ထောက်၍ ခြိမ်းခြောက် ရိုက်နှက်ပြီး ရွှေထည်နှင့် ငွေများ လုယက်ခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်
07-Dec-2016 tagged as ရန်ကုန်
လာမည့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်တိုင်း ဒေသကြီးအစိုးရ ဘတ်ဂျက်ငွေ ကျပ် ၄၂၂ ဒသမ ၁ ဘီလီယံ သုံးစွဲသွားရန် လျာထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရထံမှ သိရသည်။
လတ်တလော ဖြစ်ပွားနေသည့် ရန်ကုန်မြို့တော်က ဖောက်ခွဲမှုများနှင့် ပတ်သက်၍ မှန်းဆချက် များစွာ ရှိနေသော်လည်း ဖောက်ခွဲရသည့် အကြောင်းရင်း၊ လက်သည်တို့ကို အာဏာပိုင်များက ထုတ်ပြန်ခြင်း မရှိသေးပေ။ ရွှေတိဂုံ စေတီတော် အပါအဝင် ရန်ကုန်တွင် လုံခြုံရေး တိုးမြှင့်ဆောင်ရွက်နေသည်။ သို့သော်လည်း ပြည်သူများအတွက် ကျောမလုံလှတော့။
ရန်ကုန်မြို့အတွင်း ဆိုင်ကယ်များ ဖြင့် လှည့်လည်ကာ လုယက်မှုကျူးလွန် နေသည့်ဂိုဏ်းမှ အမျိုးသား ၁၄ ဦးကို ဖမ်းမိခဲ့ကြောင်း ရဲအသိုင်းအ၀ိုင်းထံမှ သိရသည်
ရန်ကုန်မြို့တွင်း လေးမြို့နယ် ပန်းဘဲတန်း၊ ကျောက်တံတား၊ လသာနှင့် လမ်းမတော်မြို့နယ်၏ လမ်းမကြီးများပေါ်တွင် ရောင်းချလျက်ရှိသည့် လမ်းဘေး ဈေးသည်များကို နိုဝင်ဘာလ ၃၀ ရက်အပြီး ပြောင်းရွှေ့ခိုင်းထားပြီး ဒီဇင်ဘာ ၁ ရက်နေ့ (ယနေ့) တွင် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက ပြောကြားထားသကဲ့သို့ မြို့တွင်း လေးမြို့နယ်ရှိ လမ်းမကြီး ၁၁ ခုရှိ လမ်းဘေး ဈေးသည်များက မူလနေရာတွင် ဆက်လက် ရောင်းချခွင့်ပြုရန် တောင်းဆိုသော်လည်း လုံးဝခွင့်ပြုမည် မဟုတ်ကြောင်းလည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဝင် (၅) ဒေါ်သန်းမြင့်အောင်က ပြောကြားသည်
"ယူခဲ့တယ်ဆိုရင် သူ့ကို ထားလို့မရတော့ဘူး" "သူ့ကို ထားလို့ မရတော့ဘူး။ မရပေမယ့် နေဘုန်းလတ်နဲ့ စန္ဒာမင်း မဖြစ်မှာတော့ သေချာတယ်" "ဖြုတ်မယ်ဆိုရင် သမ္မတလက်မှတ်နဲ့မှ ဖြစ်မှာကိုး။ ခန့်တာက သူပဲခန့်တာ"
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆိုခံထားရသည့် Eleven Media Group CEO ဒေါက်တာသန်းထွဋ်အောင်နှင့် Daily Eleven သတင်းစာ အယ်ဒီတာချုပ် ဦးဝေဖြိုးတို့၏ အာမခံ လျှောက်ထားမှုကို နိုဝင်ဘာလ ၃၀ ရက် (ယနေ့) နံနက် ၁၀ နာရီက တာမွေမြို့နယ် တရားရုံးက ပလပ်ခဲ့ကြောင်း သိရသည်
29-Nov-2016 tagged as ရန်ကုန် BRT
“ယာဉ်မောင်းတွေ တောင်းဆိုထားတဲ့အချက်နဲ့ပတ်သက်ပြီး ဆွေးနွေးနေဆဲပါ။ကုမ္ပဏီဘက်က အတည်ပြုချက် မရသေးဘူး။ဘာလုပ်ပေးမယ်ဆိုတဲ့ တရားဝင်စာ တိတိကျကျ မထွက်လာသေးဘူး။ချုပ်ဆိုထားတဲ့ စာချုပ်နဲ့ပတ်သက်ပြီး အလုပ်သမားဝန်ကြီးဌာနကို သွားပြီး တိုင်ပင်မှာ ဖြစ်တယ်”
29-Nov-2016 tagged as ရန်ကုန် ညဈေး
ရန်ကုန်မြို့ ကမ်းနားလမ်းတွင် အကောင် အထည်ဖော်ခဲ့သော ညဈေးတန်းတွင် ဈေးရောင်းချသူများကြား နေရာချထား ပေးမှုတွင် တရားမျှတမှု မရှိကြောင်းကို နိုဝင်ဘာလ ၂၈ ရက်က မြန်မာဂျာနယ်လစ် ရုံးခန်းတွင် ပြုလုပ်သည့် အဆိုပါဈေးသည်များ၏ သတင်းစာရှင်းလင်းပွဲတွင် ၎င်းတို့ က စွပ်စွဲပြောကြားလိုက်သည်