News

POST TAGGED AS

ရန်ကုန်

03-Feb-2017 tagged as ရန်ကုန် ဈေး
YBS ယာဉ်လိုင်းများ ပြေးဆွဲသည့် ဇန်နဝါရီလ ၁၆ ရက်မှ စတင်ကာ ပြည်သူများ ယာဉ်လိုင်းအခက်အခဲကြောင့် ညဈေးတန်းသို့ လာရောက်စားသုံးသူ နည်းပါးလာကြောင်း ညဈေးတန်းတွင် ဈေးရောင်းချနေသည့် လမ်းဘေးဈေးသည်များထံမှ စုံစမ်းသိရှိရသည်။
ရန်ကုန်ဆေးရုံကြီးတွင် လုံခြုံရေး အတွင်းပိုင်းအထိ ရယူပေးမည့် နေ့စား လပေး အစိုးရလုံခြုံရေး ဝန်ထမ်း ၄၀ ဦးကို ယခုနှစ် ဇန်နဝါရီလ ဒုတိယ အပတ်က ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် စိစစ်ရွေးချယ် ခန့်အပ်ခဲ့ကြောင်း ယင်းဆေးရုံကြီး အုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။
အများပြည်သူများ အားလပ်ရက်တွင် အပန်းဖြေ သွားလေ့ရှိသည့် ရန်ကုန် တိရစ္ဆာန်ဥယျာဉ် ဖွင့်လှစ်ခဲ့သည်မှာ ၁၁၁ နှစ်ပြည့်ခဲ့ပြီး ဖြစ်သည့်အတွက် ဇန်နဝါရီ ၂၁ ရက်မှ ငါးရက်တိုင် ဈေးရောင်းပွဲတော်နှင့် ဖျော်ဖြေရေး အစီအစဉ်များဖြင့် ကျင်းပသွားမည်
အိုင်အက်စ် အကြမ်းဖက်များ ပစ်မှတ်ထားနေသည်ဆိုသည့် နိုင်ငံတကာ၏ သတိပေးမှုများကြောင့် ရန်ကုန်မြို့သို့ ၀င်ရောက် လည်ပတ်သည့် နိုင်ငံခြားသားများကို လူဝင်မှု ကြီးကြပ်ရေးနှင့်ပူးပါင်းကာ အထူး ကြပ်မတ်စစ်ဆေးပြီး လုံခြုံရေးအဆင့်ကို တိုးမြှင့်လိုက်ကြောင်း အမှတ်(၂) လုံခြုံရေး ကွပ်ကဲမှု ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် မြ၀င်းက ပြောကြားသည်။
08-Jan-2017 tagged as ရန်ကုန်
ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ မျှော်လင့်ခြင်းတွေကို ထွေးပိုက်ထားရသည်။ နိုင်ငံတစ်ဝန်းရှိ အကျွမ်းကျင်ဆုံးသော ငွေလိုက်မုဆိုးကြီးများ ဤမြို့တွင် အခြေစိုက်သည်။ လူငယ်များအတွက် ပညာရေးနှင့် အခွင့်အလမ်းများ ရှာဖွေ ရာလည်း ဤမြို့တွင်ပင်။ သူဌေးဖြစ်လိုသူများကလည်း ဤမြို့တွင် ဘီလီယံနာ အိပ်မက်မက်ကြပြန်သည်။
01-Jan-2017 tagged as ရန်ကုန်
ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ကုသဌာနတွင် ၂၀၁၇ ခုနှစ် နှစ်သစ်ကူးညအတွင်း ထိခိုက်ဒဏ်ရာ ရရှိမှုကြောင့် လာရောက်ကုသခဲ့သည့် လူနာ ၇၃ ဦး ရှိခဲ့ပြီး ယာဉ်မတော်တဆမှုနှင့် ခိုက်ရန်ဖြစ်ပွားမှု အများဆုံး ပါဝင်ပြီး လူ ၄ ဦး သေဆုံး ခဲ့ကြောင်း ယင်းဆေးရုံကြီးမှ သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကုန်သေတ္တာတင်ယာဉ်နှင့် ကုန်တင်ယာဉ်များ ၀င်ထွက်ခွင့်ကို ကန့်သတ်လိုက်ပြီး နောက်တွင် ၀န်မပါသည့် ကုန်သေတ္တာတင်ယာဉ်နှင့် ကုန်တင်ယာဉ်များကို နံနက် ၁၁ နာရီမှ ညနေ ၃နာရီထိ သွားလာခွင့်ပြုလိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးထံမှ သိရသည်
16-Dec-2016 tagged as ရန်ကုန်
ကမ္ဘာ့နိုင်ငံပေါင်း ၁၆၈နိုင်ငံက လက်မှတ်ရေးထိုးထားသော နိုင်ငံတကာနိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်တွင် မြန်မာနိုင်ငံက အမြန်ဆုံးပါဝင်လက်မှတ်ထိုးရန် နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုလွှတ်တော်သို့ စာပို့တောင်းဆိုထားကြောင်း လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် ညီမျှခြင်းမြန်မာ၏ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက ပြောဆိုသည်
16-Dec-2016 tagged as ရန်ကုန် HIV
HIV ရှိသူများအနေဖြင့် ရောဂါစရှိသည့်အချိန်မှစ၍ ခွဲခြားဆက်ဆံခံရမှုများ ရှိခဲ့ရာလုပ်ငန်းခွင် ၀င်ရောက်ရာတွင်လည်း ခွဲခြားဆက်ဆံခံရမှုများ ရှိနေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံအိပ်ခ်ျအိုင်ဗွီနှင့် နေထိုင်သူများအသင်း (MPG)၏ အကြီးတန်းစီမံကိန်းအရာရှိ ဦးမင်းစန်းထွန်းက ပြောကြားသည်
မုန့်ဖတ်တွင် ဖော်မလင်ပါဝင်နေမှုကို ရန်ကုန်တိုင်းဒေသကြီးရှိ ခရိုင်လေးခုလုံးတွင် မုန့်ဖတ်ဖိုများနှင့် မုန့်ဖတ်လက္ကားဆိုင်များတွင် ဒီဇင်ဘာလ၁၆ရက်နေ့က တစ်ပြိုင်နက်တည်း စစ်ဆေးခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ကျန်းမာရေးဌာနက လက်ထောက်ဌာနမှုး ဒေါက်တာမြင့်သန်းထွန်းက The Voice သို့ ပြောကြားသည်