News

POST TAGGED AS

ရန်ကုန်

14-Aug-2018 tagged as ရန်ကုန် ဒီရေ
ထူးကဲဒီရေ မြင့်တက်နိုင်သဖြင့် ရန်ကုန်တိုင်းအတွင်း ဒီရေဝင်နိုင်သည့် မြို့နယ်များတွင် ကြိုတင်ကာကွယ်သည့်အနေနှင့် ရေတံခါးများပိတ်ခြင်းနှင့် တာတမံများကို သဲအိတ်များဖြင့် တာဖို့ခြင်းလုပ်ငန်းများကို ဆောင်ရွက်ထားကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောကြားသည်။
ဆက်တိုက်မြင့်တက်လျက်ရှိသော ပြည်တွင်းရွှေဈေးမှာ ယခုအခါ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်ကိုးသိန်းခွဲ ကျော်အထိ ရောက်ရှိကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။
14-Aug-2018 tagged as ရဲ ရန်ကုန်
“ဟေ့ကောင်မင်း ဘယ်သူ့ကို ဖုန်းခေါ်တာလဲ၊ မင်းဘာကောင်လဲ၊ ဘာညာပြောပြီး နားထင်ရော၊ ဖုန်းကိုင်ထားတဲ့လက်ရော သေနတ်ဒင်နဲ့ ရိုက်ချလိုက်တာ”
ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်း ရေကျော်၍ လမ်းပိုင်းနှင့် တံတားပျက်စီးမှုကြောင့် ၁၈ ရက်ကျော် ရပ်နားထားသော ရထားခရီးစဉ်များ ဩဂုတ်လ ၁၆ ရက်တွင် ပြန်လည်ပြေးဆွဲရန် လျာထားကြောင်း မြန်မာ့မီးရထား၊ သတင်းပြန်ကြားရေးဌာန၊ တွဲဖက်ဒုကြီးကြပ်ရေးမှူး ဦးထိန်ဝင်းက ပြောကြားသည်။
ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် ပြည်လမ်း လှည်းတန်း၊ ခုံးကျော်တံတားအောက်တွင် အခြေအနေမဲ့ တောင်းရမ်း စားသောက်နေသူများ၏နောက်ကွယ်မှ စေခိုင်းသူအမျိုးသမီး သုံးဦးကို တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ကမာရွတ်မြို့မ ရဲစခန်းမှ စခန်းမှူးဒုရဲမှူးမိုးနိုင်က ပြောကြားသည်။
ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ အမှတ် (၈၇) ရပ်ကွက်၊ သစ္စာလမ်းပေါ်တွင် ဩဂုတ်လ ၁၀ ရက် ည ၈ နာရီခန့်က အသက် ၃၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အမျိုးသားသုံးဦးက လွန်ခဲ့သော တစ်လခန့်က စကားများရန်ဖြစ်သည်ကို မကျေနပ်သဖြင့် ဓားနှင့်ထိုးသတ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ မလစ်ကျေးရွာအုပ်စု၊ ကြာနီကန်ကျေးရွာတွင် သီလရှင်နှစ်ပါးနှင့် ရဟန်းတစ်ပါးကို ငှက်ကြီးတောင်ဓားဖြင့် ခုတ်သတ်ခဲ့သည်ဟုဆိုသော အသက် ၄၃ နှစ်အရွယ် အမျိုးသားကို ဩဂုတ်လ ၉ ရက် မွန်းလွဲ ပိုင်းက အရှေ့ပိုင်းခရိုင်တရားရုံးတွင် တရားစွဲဆိုခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
အရပ်သားတစ်ဦးအား သေနတ်ဒင်နှင့်ထုပြီး ပြောင်းဝနှင့်နောက်စေ့ကို ဆောင့်ခဲ့သည်ဟုဆိုသော ပန်းဘဲတန်းမြို့မရဲစခန်း တပ်ဖွဲ့ဝင်အချို့ကို စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ကာ စစ်ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှသိရသည်။
မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေး ကော်မတီက သတ်မှတ်ထားသည့် စည်းကမ်းချက်များကို မလိုက်နာသည့် ကားအရောင်းစင်တာ ၂၉ ခုသည် ဩဂုတ်လ ၁၂ ရက်နေ့မှ စတင်၍ ရက် ၃၀ အတွင်း လာရောက်မဖြေရှင်းပါက မှတ်ပုံတင်ပယ်ဖျက်ခြင်းများ လုပ်ဆောင်မည်ဖြစ်ကြောင်း ယင်းကော်မတီက သတိပေးချက်ထုတ်ပြန်သည်။
ရန်ကုန်မြို့တွင် ဩဂုတ် ၁၂ ရက်က ထူးကဲဒီရေမြင့်တက်မှုကြောင့် ရန်ကုန်မြို့ နေရာအနှံ့ရှိ မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း ယင်းမြို့နယ်တွင် နေထိုင်သည့် ပြည်သူများထံမှ သိရသည်။