News

POST TAGGED AS

ရန်ကုန်

16-Dec-2016

ရန်ကုန်
နိုင်ငံတကာနိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာစာချုပ် မြန်မာလက်မှတ်ထိုးရန် တောင်းဆို
ရန်ကုန်၊ဒီဇင်ဘာ၁၆

ကမ္ဘာ့နိုင်ငံပေါင်း ၁၆၈နိုင်ငံက လက်မှတ်ရေးထိုးထားသော နိုင်ငံတကာနိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်တွင် မြန်မာနိုင်ငံက အမြန်ဆုံးပါဝင်လက်မှတ်ထိုးရန် နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုလွှတ်တော်သို့ စာပို့တောင်းဆိုထားကြောင်း လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် ညီမျှခြင်းမြန်မာ၏ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက ပြောဆိုသည်။ယင်းစာချုပ်တွင် လက်မှတ်ရေးထိုးနိုင်ရန် နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုလွှတ်တော်တို့တွင် လုပ်ပိုင်ခွင့်ရှိသဖြင့် နှစ်ဘက်လုံးသို့ တောင်းဆိုခြင်းဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

အသက်ရှင်ခွင့်၊ညှဉ်းပမ်းနှိပ်စက်မှု၊ကျွန်ပြုခြင်းမှ ကင်းလွတ်ခွင့်၊ ပုဂ္ဂလိကလွတ်လပ်ခွင့်၊ ဥပဒေရှေ့တွင် လူသားကဲ့သို့ ဆက်ဆံခံပိုင်ခွင့်နှင့် တန်းတူညီခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ စုဝေးခွင့်၊အဖွဲ့ဖွဲ့ခွင့်၊ ကိုးကွယ်ခွင့်နှင့် မဲပေးခွင့်တို့ကို ယင်းစာချုပ်တွင် ထည့်သွင်းထားသည်။

“၆၆ (ဃ) ဆိုရင်လည်း ကာကွယ်ဖို့အတွက် လုပ်ထားပေမယ့် လုပ်ပုံကိုင်ပုံ များသွားတဲ့အခါ လူတစ်ဦးရဲ့လွတ်လပ်စွာ ပြောဆိုခွင့်ကို ထိခိုက်စေတယ်”ဟု ဦးအောင်မျိုးမင်းက ဆိုသည်။
အဆိုပါစာချုပ်တွင် မြန်မာနိုင်ငံက လက်မှတ်ထိုးလိုက်မည်ဆိုလျှင် ပြည်တွင်းတွင် ပြဋ္ဌာန်းထားသော ဆက်သွယ်ရေးဥပဒေပုဒ်မ၆၆၊ အသင်းအဖွဲ့ဥပဒေနှင့် စီတန်းလှည့်လည်ခွင့် ဥပဒေများကိုလည်း ပြင်ဆင်ရမည်ဖြစ်ကြောင်း ညီမျှခြင်းမြန်မာအဖွဲ့ထံမှ သိရသည်။

ကုလသမဂ္ဂ အထွေထွေညီလာခံက ၁၉၆၆ခုနှစ် ဒီဇင်ဘာလ၁၆ရက်နေ့ နိုင်ငံတကာနိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (International Covenant on Civil and Political Rights) ကို ပြဋ္ဌာန်းခဲ့ရာ ယခု၂၀၁၆ခုနှစ်တွင် ဒီဇင်ဘာ၁၆ရက်နေ့တွင် နှစ်ပေါင်း၅၀ ပြည့်ပြီဖြစ်သည်။မြန်မာနိုင်ငံအပြင် ဒေသတွင်း နိုင်ငံများဖြစ်သည့် မလေးရှား၊ စင်ကာပူနှင့် ဘရူနိုင်းနိုင်ငံတို့သည်လည်း အဆိုပါစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးထားခြင်း မရှိပေ။


  • VIA


FOLLOW US