News

POST TAGGED AS

ရန်ကုန်

ဖုန်းဝယ်ပေးမည် မက်လုံးပေး လီဆယ်ပြောဆို ခေါ်ဆောင်ပြီး အုပ်စုဖွဲ့ သားမယားပြုကျင့်သူများကို ဖမ်းမိ
ရန်ကုန်၊ ဩဂုတ် ၄ 

၁၄ နှစ်ခွဲအရွယ် မိန်းကလေးတစ်ဦးကို ဖုန်းဝယ်ပေးမည်ဟု မက်လုံးပေး လီဆယ်ပြောဆိုခေါ်ဆောင်၍ အငှားယာဉ်ဖြင့် နေအိမ်သို့ခေါ်ဆောင်ကာ သားမယားအဖြစ် ဝိုင်းပြုကျင့်ခဲ့ကြသည့် လူငယ်လေးဦးကို ဖမ်းဆီးအရေးယူထားကြောင်း ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့မရဲစခန်းထံမှ သိရသည်။

တောင်ဥက္ကလာတွင် နေထိုင်သော မိန်းကလေးမှာ ဇူလိုင်လ ၂၃ ရက်က နေအိမ်မှ တစ်ဦးတည်း အပြင်ထွက်လာစဉ် လူငယ်နှစ်ဦးက နောက်မှလိုက်လာပြီး စကားပြောခဲ့ကြောင်း၊ ယင်းနောက် ၎င်းတို့သုံးဦး အအေးဆိုင်တစ်ဆိုင်တွင် အတူထိုင် စကားပြောခဲ့ကြပြီးနောက် ယင်းနောက် လူငယ်နှစ်ဦးက ဖုန်းဝယ်ပေးမည်ဟု မိန်းကလေးကို မက်လုံးပေး လီဆယ်ပြောဆိုခဲ့ပြီး အငှားယာဉ်ဖြင့် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်ရှိ နေအိမ်တစ်အိမ်သို့ ခေါ်ဆောင်ခဲ့ပြီးနောက် သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်အရသိရသည်။

ထို့ပြင် အမည်မသိ အမျိုးသားနှစ်ဦး ထပ်မံရောက်ရှိလာပြီး မိန်းကလေးကို သားမယားအဖြစ် ထပ်မံ၍ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ပြီးနောက် ဇူလိုင်လ ၂၄ ရက် နံနက်ပိုင်းတွင် အငှားယာဉ်တစ်စီးကိုငှား၍ ပြန်လွှတ်ပေးခဲ့ကြောင်း ရဲအရာရှိထံမှသိရသည်။ 

“ကောင်မလေးကို ခေါ်သွားသူတွေက သူတို့အချင်းချင်း စကားပြောဆိုကြတဲ့အခါမှာ တစ်ယောက်နာမည်တစ်ယောက် ထည့်ခေါ်ဆိုပြောတဲ့ နာမည်တွေကို ကောင်မလေးက မှတ်မိခဲ့တယ်။ ဒီအဖွဲ့ထဲက နှစ်ယောက်ရဲ့ အမည်၊ အဘအမည် အသက်၊ နေရပ်လိပ်စာအကုန် စုံစမ်းသိရှိခဲ့ရသလို ဒါကိုမီဒီယာကလည်း ဖမ်းမိခဲ့တယ်လို့ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုလွဲခဲ့ကြတယ်။ အမှန်က ဩဂုတ် ၁ ရက်နေ့မှာ သုံးယောက်ကို ဖမ်းမိတယ်။ ဩဂုတ်လ ၂ ရက် နောက်တစ်ယောက်ကို ထပ်မိတယ်”ဟု ရဲအရာရှိက ရှင်းပြသည်။ 

၁၄ နှစ်ခွဲအရွယ် မိန်းကလေးကို သားမယားအဖြစ် ပြုကျင့်ခဲ့သည့် လူငယ်လေးဦးကို ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၇၆/၃၆၃/၁၁၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03



FOLLOW US