News

POST TAGGED AS

ရန်ကုန်

အာဇာနည်ဗိမာန်တွင် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းဖြစ်ရပ်များကို Graphic Board ဖြင့်ပြမည်
ရန်ကုန်၊ ဇူလိုင် ၇

(၇၁) နှစ်ပြည့် အာဇာနည်နေ့ အခမ်းအနားတွင် ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်အတွင်း အာဇာနည်ခေါင်းဆောင်ကြီးများ၏ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းဖြစ်ရပ်များကို Graphic Board ၃ ခုဖြင့် ပြသမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တွဲဖက် အတွင်းရေးမှူး ဦးသန်းက ပြောကြားသည်။

“ဒီနှစ်မှာလည်း Graphic Board နဲ့ အာဇာနည်ခေါင်းဆောင် ကိုးဦးရဲ့ သမိုင်းဖြစ်ရပ်တွေကို ပြသမယ်။ အာဇာနည်ဗိမာန်ဝင်း အတွင်းနဲ့ အပြင် ပြင်ဆင်မှုတွေ ပြုလုပ်တာလည်း ပြင်ဆင်မှုအပိုင်းတွေက ပြီးစီးနေပါပြီ”ဟု ၎င်းကဆိုသည်။

၇၁ နှစ်ပြည့် အာဇာနည်နေ့ အခမ်းအနားတွင် ဗဟန်းမြို့နယ်ရှိ အာဇာနည် ဗိမာန်အတွင်းသို့ အများပြည်သူ လာရောက် ဂါရဝပြုနိုင်ရန် နေ့လယ် ၁၂ နာရီမှ ညနေ ၆ နာရီထိ ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ဦးသန်းက ဆိုသည်။

အာဇာနည်ဗိမာန် ဝင်ပေါက်အတွင်း ညာဘက်ခြမ်းတွင် ဂရပ်ဖစ်ဘုတ်များကို စိုက်ထူထားပြီး ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘဝင်း၊ မန်းဘခိုင်၊ စဝ်စံထွန်း၊ သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးအုန်းမောင်၊ ဦးရာဇတ်နှင့် ရဲဘော် ကိုထွေးတို့၏ မှတ်တမ်းများနှင့်အတူ အာဇာနည်ခေါင်းဆောင်များ ကျဆုံးပြီးနောက် သခင်နု ထုတ်လွှင့်ခဲ့သော မိန့်ခွန်းများကို အဆိုပါ ဂရပ်ဖစ်ဘုတ်တွင် ပြသထားမည်ဖြစ်ပြီး အာဇာနည်နေ့အတွက် အာဇာနည်ဗိမာန်ဝင်း အတွင်းနှင့် အပြင် ပြင်ဆင်မှုအပိုင်းများ ဆောင်ရွက်ခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

အာဇာနည်ဗိမာန် ဝင်ပေါက်အနီးရှိ အာဇာနည်နေ့တွင် ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်တို့၏ မိသားစုဝင်တို့ကို နိုင်ငံတော်အကြီးအကဲနှင့် တာဝန်ရှိသူတို့က တွေ့ဆုံရာ၊ ခေတ္တအနားယူရာ အဆောက်အအုံ အတွင်းပိုင်းကိုလည်း ယခု ၇၁ နှစ်မြောက် အာဇာနည်နေ့အတွက် ပြင်ဆင်ထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

မူလ အာဇာနည်ဗိမာန်ကြီးတွင် ၁၉၈၃ ခုနှစ်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် စက်မှုတက္ကသိုလ် ဗိသုကာဌာနမှ အသစ်ရေးဆွဲခဲ့သော ဒီဇိုင်းအတိုင်း ၁၉၈၄ ခုနှစ် အောက်တိုဘာလတွင် ပြန်လည် တည်ဆောက်ခဲ့ရာ ၁၉၈၅ ခုနှစ် ဇူလိုင်လတွင် ဂုဏ်ပြုအခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။

J-10



FOLLOW US