News

POST TAGGED AS

ရန်ကုန်

ရုပ်ရှင်မင်းသားကြီး လင်းထင် ကွယ်လွန်


မန္တလေး၊ ဖေဖော်ဝါရီ ၎

မြန်မာ့ရုပ်ရှင်လောကတွင် အောင်မြင်ကျော်ကြားခဲ့သည့် ရုပ်ရှင်သရုပ်ဆောင် လင်းထင်သည် ဖေဖော်ဝါရီ ၃ ရက်နေ့ ည ၈ နာရီ ၅ မိနစ်ခန့်တွင် မန္တလေး ဆေးရုံကြီး၌ ကွယ်လွန်ခဲ့ကြောင်း ၎င်း၏ မိသားစုထံမှ သိရသည်။ 

မန္တလေးမြို့ ၃၃ လမ်းနှင့် ၃၄ ကြား၊ ၈၁ လမ်းနှင့် ၈၂ ကြား ကယ်လီဝင်းအတွင်း နေထိုင်သည့် ဦးလင်းထင်သည် ကွယ်လွန်ချိန်တွင် အသက် ၇၀ အရွယ်ရှိပြီဖြစ်ကာ ဆီးချိုရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း၊ ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူနှင့် သမီးသုံးဦးကျန်ရစ်ခဲ့ကြောင်း ဦးလင်းထင်၏ တူမဖြစ်သူ ဒေါ်ဂျာခေါန်က ပြောကြားသည်။ 

ဦးလင်းထင်သည် စေလိုရာစေ၊ ဘယ်ပန်းချီရေးလို့မမီ၊ ဓားဘုရင်၊ ကျော်ကိုချစ်မလား ဇော်ကိုချစ်မလား၊ လွတ်လပ်မှအမျှဝေပါ စသည့် ဇာတ်ကားများ အပါအဝင် ဇာတ်ကားပေါင်း ၅၀ ကျော် ပါဝင်သရုပ်ဆောင်ခဲ့ကြောင်း ၎င်း၏ မိသားစု အသိုင်းအဝိုင်းထံမှ သိရသည်။

ဦးလင်းထင် ကွယ်လွန်ခြင်းနှင့်ပတ်သက်၍ ဖေဖော်ဝါရီ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် မြို့မနှစ်ချင်း ခရစ်ယာန်အသင်းတော်၌ ဝတ်ပြုဆုတောင်းမည်ဖြစ်ပြီး မွန်းလွဲ ၃ နာရီအချိန် အေးရိပ်ငြိမ်သုသာန်သို့ ပို့ဆောင်သင်္ဂြိုဟ်မည် ဖြစ်သည်။

M-05



FOLLOW US