News

POST TAGGED AS

ရန်ကုန်

ရွှေတိဂုံဘုရား အနေကဇာတင်ပွဲ ကျင်းပရန် အဓိကလမ်းမကြီး ၁၁ လမ်းကို နှစ်ရက်ပိတ်မည်
ရန်ကုန်၊ ဒီဇင်ဘာ ၂၁

ရွှေတိဂုံစေတီတော်မြတ်ကြီးကို သံဃာတော်အပါး ၁၈၀ဝ၀ ဖြင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာနှင့် ဆွမ်း ဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို ကျင်းပမည်ဖြစ်သောကြောင့် အဓိက လမ်းမကြီး ၁၁ လမ်းကို နှစ်ရက်လမ်း ပိတ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီထံမှ သိရသည်။

အဓိကလမ်းမကြီး ၁၀ လမ်းနှင့် ဆက်စပ်လမ်းများကို ဒီဇင်ဘာလ ၃၁ ရက် ညနေ ၄ နာရီမှစတင်ကာ ဇန်နဝါရီလ ၁ ရက် ပွဲပြီးသည်အထိ လမ်းပိတ်ထားမည်ဖြစ်ကြောင်း၊ ယင်းကြောင့်  မော်တော်ယာဉ်များအနေနှင့် နီးစပ်ရာ လမ်းလွှဲများမှတစ်ဆင့် မောင်းနှင်ရမည်ဖြစ်ကြောင်း ယင်းကော်မတီက ထုတ်ပြန်ထားသည်။

ယာယီ ပိတ်မည့်လမ်းများမှာ ဦးဝိစာရလမ်း၊ ဓမ္မစေတီလမ်း၊ အနောက်ရွှေဂုံတိုင် လမ်း၊ ရေတာရှည်လမ်းဟောင်း/လမ်းသစ်၊ ကြားတောရလမ်း၊ ဦးထောင်ဘိုလမ်း၊ ဗဟန်းလမ်း၊  ရွှေတိဂုံဘုရားလမ်း၊ မြို့မကျောင်းလမ်း၊ အလုံလမ်း၊ အာဇာနည်လမ်းတို့ ဖြစ်သည်။
 
လတ်တလောတွင် လုံခြုံရေးနှင့် ယာဉ်ကြော ရှင်းလင်းရေးအတွက် လုပ်ဆောင်ရန် ညှိနှိုင်းနေကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိတစ်ဦးက ပြောကြားသည်။

J-06



FOLLOW US