News

POST TAGGED AS

ရန်ကုန်

30-Aug-2016

ရန်ကုန်
ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ ကြိုးတံတား သမ္ဗာန်ဝင်တိုက်
ဒဂုံမြောက် အမှတ် ၅၁ ရပ်ကွက်နှင့် မြောက်ဥက္ကလာသို့ ဆက်သွယ်ထားသည့် ကြိုးတံတားမှာ ယနေ့(သြဂုတ် ၃၀ ရက်) မွန်းလွဲ ၁ နာရီခွဲက သမ္ဗာန်တစ်စီး ဝင်တိုက်ရာ တံတားအစိတ်အပိုင်းအချို့ ပျက်စီးခဲ့ကြောင်း ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

တံတား၏ညာဘက်စိုင်းကြိုး ငါးချောင်းနှင့် ဘယ်ဘက်စိုင်းကြိုး နှစ်ချောင်း ပြတ်တောက်ကာ ကြိုးတံတား အလယ်တည့်တည့်ရှိ လူသွားလမ်း ပျဉ် ၁၃ ချောင်း ပြုတ်ထွက်ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း ဒဂုံမြို့သစ် မြောက်ပိုင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

တံတားပျက်စီးမှုနှင့် ပတ်သက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် မြောက်ဥက္ကလာပမြို့နယ် လမ်းတံတားဌာနမှ တာဝန်ရှိသူများက ပြင်ဆင်နေပြီး ကြိုးတံတားအပေါ်မှ သွားလာမှုကို ယာယီရပ်ဆိုင်းထားသည်။

ဓာတ်ပုံ - အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့

  • VIA


FOLLOW US