News

POST TAGGED AS

ရန်ကုန်

လှိုင်သာယာမြို့နယ်၊ အမှတ်(၆) ရပ်ကွက်၊ နဝဒေး Shop House ဆိုင်တန်း ရှိ BBQ စားသောက်ဆိုင်တစ်ဆိုင်တွင် ဇူလိုင်လ ၁၄ ရက် ည ၈ နာရီခွဲဝန်းကျင်က အကြွေးပြန်မဆပ်သည့် တရုတ်နိုင်ငံသား အမျိုးသားတစ်ဦးကို ဆိုင်ရှင်ဖြစ်သူ တရုတ်နိုင်ငံသား အမျိုးသားက ဓားဖြင့်ခုတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
တောင်ဥက္ကလာပမြို့နယ် သံသုမာလမ်းပေါ်တွင် အသက် ၁၃ နှစ်အရွယ် ရှစ်တန်းကျောင်းသား ဓာတ်လိုက်သေဆုံးခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာမြို့နယ် လျှပ်စစ်ကော်ပိုရေးရှင်းမှ တာဝန်ရှိသူများကို ခုံရုံးဖွဲ့၍ စစ်ဆေးနေကြောင်း အရှေ့ပိုင်းခရိုင် လျှပ်စစ်ဌာနမှူးက ပြောကြားသည်။
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ၁၄၀ ရပ်ကွက်တွင် ရာအိမ်မှူးနှင့် ဆွေမျိုးတော်စပ်သူများက တစ်ရပ်ကွက်တည်းနေသူ အမျိုးသားတစ်ဦးကို နေအိမ်ရှေ့တွင် ဓားများဖြင့် ဝိုင်းခုတ်သတ်ခဲ့ကြောင်း ယင်း ရပ်ကွက်နေထိုင်သူများထံမှ သိရသည်။
13-Jul-2018 tagged as ရန်ကုန် YBS
ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေး YUPT ကုမ္ပဏီအောက်ရှိ ယာဉ်လိုင်းပေါင်း ၂၀ မှ ယာဉ်မောင်း ၅၅ ဦးကို ရာသက်ပန်ထုတ်ပယ်ခဲ့ကြောင်း အဆိုပါကုမ္ပဏီမှ ယာဉ်စစ်ဆေးရေးမှူး ဦးကျော်တင့်က ပြောကြားသည်။
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခံရသူ ဩစတြေးလျနိုင်ငံသား မစ္စတာ ရော့ဒန်ကလေ အပါအဝင် ၇ ဦးကို ဇူလိုင်လ ၁၂ ရက်နေ့က အနောက်ပိုင်းခရိုင် တရားရုံးတွင် ဒုတိယအကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့သော်လည်း အမှုကို မစစ်ဆေးဖြစ်သေးကြောင်း ယင်းတရားရုံးထံမှ သိရသည်။
သာကေတမြို့နယ်၊ ၁၀/တောင်(၁၄) ရပ်ကွက်၊ စည်ပင်ဝင်း၊ ရှုခင်းသာအတွင်း လမ်းဘေးရှိ ရေမြောင်းအစပ်တွင် အမျိုးသားတစ်ဦး အသတ်ခံရမှုမှ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးစစ်ဆေးခဲ့ရာ ယောက်ျားချင်း ဖက်နမ်းခံရသောကြောင့် ဒေါသဖြစ်ကာ ကျောက်ခဲဖြင့်ထုသတ်ခဲ့ခြင်းဖြစ်ကြောင်း ကနဦး ထွက်ဆိုချက်အရ ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် Terminal 2 မှ ပြည်ပလေကြောင်းလိုင်း ၁၁ ခုကို ဇူလိုင်လ ၂၆ ရက် နောက်ဆုံးထား၍ Terminal 1 သို့ ပြောင်းရွှေ့ရန် ညွှန်ကြားထားကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ပြောကြားသည်။
လူဦးရေ ထူထပ်လှသည့် ရန်ကုန် တိုင်းဒေသကြီးတွင် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ လူသတ်မှု၊ လုယက်မှု၊ မုဒိမ်းမှုများ ပါဝင်သော အမှုကြီးပေါင်း ၃၀၀ နီးပါးအထိ ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းက မြန်မာနိုင်ငံသို့ သုံးရက်အကြာ ရောက်ရှိလာသော ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသ ဒုတိယဥက္ကဋ္ဌ ဗစ်တိုးရီးယာကွာက ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ကမ္ဘာ့ဘဏ်မှ ဒေါ်လာသန်း ၁၀၀ ထောက်ပံ့မည်ဖြစ်ကြောင်း ခရီးစဉ်နောက်ဆုံးရက်ဖြစ်သော ဇူလိုင်လ ၁၀ ရက်တွင် ကြေညာခဲ့သည်။
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ လေးထောင့်ကန်လမ်းမကြီးရှိ ငမိုးရိပ်တံတားတွင် ဇူလိုင်လ ၈ ရက် ညနေ ၄ နာရီဝန်းကျင်က အဘွားအိုတစ်ဦးမှာ တံတားပေါ်မှ ချောင်းထဲသို့ ခုန်ချအဆုံးစီရင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။