News

POST TAGGED AS

ရန်ကုန်ဆေးရုံကြီး

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေသူများကို အာဟာရနှင့် အသုံးအဆောင်ပစ္စည်းများ လှူဒါန်းလိုပါက ဆေးရုံအုပ်ချုပ်ရေးအဖွဲ့၏ ခွင့်ပြုချက် ယူရမည်ဖြစ်ကြောင်း ယင်းဆေးရုံကြီးက ထုတ်ပြန်လိုက်သည်။
လသာမြို့နယ်၊ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးဝင်းရှိ ကင်ဆာဓာတ်ရောင်ခြည်ဌာနတွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ လျှပ်စစ်ဌာနမှ နေ့စားဝန်ထမ်း အမျိုးသားတစ်ဦးကို ရာဇသတ်ကြီး ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
ရန်ကုန်ဆေးရုံကြီး ကင်ဆာရောဂါဆောင် မီးလောင်မှုကြောင့် ဓာတ်ရောင်ခြည် ပြင်ပလူနာဌာနမှ လူနာသစ်များကို ဩဂုတ်လ ၂၀ ရက်၌ ပြန်လည်လက်ခံကုသပေးမည်ဖြစ်ကြောင်း ရန်ကုန်ဆေးရုံကြီးထံမှ သိရသည်။
ရန်ကုန်ဆေးရုံကြီးအတွင်းရှိ စည်းကမ်းမဲ့ ခေါင်းရွက်ဗျပ်ထိုး ဈေးသည်များကို ရန်ကုန်တိုင်းအစိုးရစီမံချက်ဖြင့် ယခုလအတွင်း ရှင်းလင်းရန် စီစဉ်ထားကြောင်း ရန်ကုန်ဆေးရုံကြီး လက်ထောက်ဆေးရုံအုပ် ဒေါက်တာနေဝင်းသိန်းက ပြောကြားသည်။
ရန်ကုန်ဆေးရုံကြီးတွင် နေ့စဉ် လူနာတစ်ထောင်ကျော် ပုံမှန်ကုသပေးနေရခြင်းကြောင့် ဓာတ်ခွဲခန်းတိုးချဲ့ ထားရှိရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့က ဘတ်ဂျက် ကျပ်သိန်းခြောက်ထောင် ချပေးထားပြီဖြစ်ကြာင်း ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်အေးက ပြောကြားသည်။
အရေးပေါ်လူနာမှလွဲ၍ အထူးကု ပြင်ပလူနာဌာနသို့ လာရောက်ကုသည့် လူနာများအား သက်ဆိုင်ရာမြို့နယ် ဒေသန္တရဆေးခန်းက လွှဲစာယူပြီးမှသာ လာရောက်ပြသရန် ပညာပေးစည်းရုံးနေကြောင်း ရန်ကုန်ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်အေးက ပြောကြားသည်။
ရန်ကုန်တိုင်းရှိ မြို့နယ်အသီးသီးမှ ခွေးကိုက်ခံလူနာများ လာရောက်ကုသမှု များပြားလာသဖြင့် ပုံမှန်အခမဲ့ထိုးပေးနေသော ခွေးရူးကာကွယ်ဆေးထိုးမှု အစီအစဉ်ကို သုံးကြိမ်မှ တစ်ကြိမ်သို့ လျှော့ချလိုက်ကြောင်း အဆိုပါဆေးရုံအုပ် ဒေါက်တာခင်သိင်္ဂီမြင့်က ပြောကြားသည်။
ရန်ကုန်ဆေးရုံကြီးသို့ အရေးပေါ် လူနာမှလွဲ၍ သာမန် ဆေးကုသမှု ခံယူမည့်လူနာများကို သက်ဆိုင်ရာ မြို့နယ်အဆင့် ဒေသန္တရ ဆေးခန်း၏ လွှဲစာပါရှိမှသာ လက်ခံကုသပေးရန် မကြာခင်စီစဉ်မည်ဖြစ်ကြောင်း ဆေးရုံကြီး အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
သင်္ကြန်ကာလ ယာဉ်မတော်တဆမှုနှင့် ထိခိုက်မှုများဖြစ်ပါက ကုသနိုင်ရန် ရန်ကုန်ဆေးရုံကြီး အရေးပေါ်ကုသရေးဌာနတွင် လိုအပ်သည့် အခြေခံဆေးဝါးများ စုဆောင်းထားပြီဖြစ်ကြောင်း အဆိုပါဆေးရုံအုပ် ဒေါက်တာခင်သိင်္ဂီမြင့်က ပြောကြားသည်။
နေ့ပြန်တိုး အကြွေးတောင်းရာ စကားများရန်ဖြစ်ပြီး ထိုးကြိတ်ရိုက်နှက်ရာက အသက် ၅၃ နှစ်အရွယ်အမျိုးသမီး သေဆုံးမှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူ လင်မယားနှစ်ဦးကို မတ်လ ၆ ရက် မွန်းလွဲပိုင်းက အရှေ့ပိုင်းခရိုင်တရားရုံးသို့ တရားစွဲဆိုတင်ပို့ထားကြောင်း ယင်းတရားရုံးထံမှ သိရသည်။