News

POST TAGGED AS

ရထူးတိုး

ဆိုဒီယမ်ဆိုင်ရာနိုက်များ သယ်ဆောင်လာသည့် ထိုင်းနိုင်ငံသားတစ်ဦး ဖမ်းမိ
ကျိုင်းတုံ၊ ဇွန် ၃

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ် မြို့ အမှတ် (၂) ချစ်ကြည်ရေးတံတားတွင် ဇွန်လ ၂ ရက် နံနက် ၁၁ နာရီခွဲခန့်က ၁၀ ဘီးယာဉ်ဖြင့် ဆိုဒီယမ်ဆိုင်ရာနိုက်များ သယ်ဆောင်လာသော ထိုင်းနိုင်ငံသားတစ်ဦးကို ဖမ်းမိကြောင်း တာချီလိတ်မြို့မရဲစခန်းမှူး ဒုရဲမှူးမျိုးခိုင်က ပြောကြားသည်။

“ဆိုဒီယမ်ဆိုင်ရာနိုက်တွေကို ဘယ်နေရာကိုပို့ပြီး ဘာလုပ်ငန်းမှာ သုံးစွဲမယ်ဆိုတာ တရားခံကို မစစ်ဆေးရသေးလို့ မသိရသေးဘူး”ဟု အမှုစစ်အရာရှိ ရဲအုပ်မင်းမင်းထိုက်က ဆိုသည်။ 

ထိုင်းနိုင်ငံမှ တာချီလိတ်မြို့သို့ Mr.Sawat Kaeodam (၄၂ နှစ်) မောင်းနှင်လာသည့် ၁၀ ဘီးယာဉ်ပေါ်မှ ကျပ်သိန်း ၉၀၀ ခန့်ဖိုးရှိ ဆိုဒီယမ်ဆိုင်ရာနိုက် သံပုံး ၃၀၀ (၁၅၀၀၀ ကီလို)၊ ဘဏ်ငွေစု စာအုပ်၊ လက်ကိုင်ဖုန်းတစ်လုံးနှင့် နိုင်ငံကူးစာအုပ်တို့ ဖမ်းမိခဲ့ကြောင်း၊ ၎င်းကို ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ ၃၇/၃၈ ဖြင့် အရေးယူထားကြောင်း တာချီလိတ်မြို့မရဲစခန်းထံမှ သိရသည်။ 

ဆိုဒီယမ်ဆိုင်ရာနိုက်များသည် ရွှေသန့်စင်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းဖြစ်ပြီး ရွှေတူးဖော်ရေးလုပ်ငန်းများရှိသည့် တာလေမြို့အပါအဝင် ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းယောင်းမြို့နယ်တို့တွင် မကြာခဏဖမ်းမိကြောင်း သတ္တုလုပ်ငန်းရှင်များထံမှ သိရသည်။ 

R-16




FOLLOW US