News

POST TAGGED AS

ရထား

13-May-2017 tagged as ရထား
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ကျွန်းကုန်းကျေးရွာအုပ်စု ရန်ကုန်-မန္တလေး ရထားလမ်း မိုင်တိုင် ၁၇၅ အနီး၌ မေလ ၁၂ ရက်နေ့ နံနက် ၅ နာရီခန့်က အရက်သောက်စားထားသူ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦး ရထားသံလမ်းကို ဖြတ်ကူးစဉ် သာစည်-ရန်ကုန် အမှတ် ၁၁ အစုန်ရထားတိုက်၍ သေဆုံးခဲ့သည်ဟု ကျွန်းကုန်းနယ်မြေ ရဲစခန်းမှ စုံစမ်းသိရှိရသည်။
တောင်ကိုရီးယားနိုင်ငံ အစိုးရသည် Ultra-fast ရထားများကို အများပြည်သူအတွက် ပြေးဆွဲရန် စီစဉ်နေကြောင်း Korea Times သတင်းတွင် ဖော်ပြထားသည်။
28-Nov-2016 tagged as ရထား
Hyperloop ဟုခေါ်သော တစ်နာရီလျှင် မိုင် ၇၆၀ နှုန်းအထိ မောင်းနှင်နိုင်မည့် မြန်နှုန်းမြင့်ရထား ဒီဇိုင်းတီထွင် ဖော်ထုတ်မှု ပြိုင်ပွဲတွင် သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းတက္ကသိုလ်မှ အဖွဲ့သည် တီထွင်မှု အကောင်းဆုံးဆု ရရှိခဲ့ကြောင်း New Atlas သတင်းတွင် ဖော်ပြထားသည်။
23-Nov-2016 tagged as ရထား
ရန်ကုန်မြို့ပတ် ရထားလမ်းအဆင့် မြှင့်တင်ရေး စီမံကိန်း မြေနေရာနှင့် မလွတ်သည့် ပြည်သူများကို စာရင်းကောက်ယူ ထားပြီး အဆိုပါ ပြည်သူများကို မြေနေရာနှင့် သင့်လျော်သည့် လျော်ကြေးပေးမည်ဖြစ်ကြောင်း မြန်မာ့မီးရထား (အောက် မြန်မာပြည်) ထံမှ သိရသည်။
17-Sep-2016 tagged as ရထား
စီးပွားရေးအရ တွက်ချေမကိုက်သည့်အတွက် ပြည်မြိုနှင့် ပေါက်ခေါင်းမြို့နယ်ကို ဆက်သွယ်ထားသည့် ပြည်-ပေါက်ခေါင်း မီးရထား ဆက်လက်ပြေးဆွဲရန် မရှိတော့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြောကြားသည်။
17-Sep-2016 tagged as ဂျပန် ရထား
ဂျပန်ရထားလိုင်း ကုမ္ပဏီ တစ်ခုဖြစ်တဲ့ JR East ဟာ တာဝန်ချိန်အတွင်း ရထားပေါ်ကနေ အပေါ့ စွန့်ခဲ့တဲ့ သူတို့ရဲ့ ရထားမောင်းသမားအတွက် ပြန်လည် တောင်းပန်ခဲ့တယ်