News

POST TAGGED AS

ရထား

သင်္ကြန်အတွင်း ပြည် ရထားခရီးစဉ်များရပ်နားမည်


ပြည်၊ ဧပြီ ၇

ရန်ကုန်-ပြည်၊ ပြည်-ရန်ကုန်အပါအဝင် ပြည်မြို့သို့ပြေးဆွဲနေသော ရထားခရီးစဉ်များ သင်္ကြန်အတွင်း ရပ်နားထားမည်ဖြစ်ကြောင်း ပြည်ဘူတာကြီး တာဝန်ကျရုံပိုင်ဦးအောင်စိုးဝင်းက ပြောကြားသည်။

ပြည်-ရန်ကုန်၊ ရန်ကုန်-ပြည် အမြန်ရထားခရီးစဉ်ကို ဧပြီလ ၁၄ ရက်မှ ၁၆ ရက်ထိ၊ ခရီးတိုရထား လက်ပံတန်း-ပြည်၊ ပြည်-လက်ပံတန်း ရထားခရီးစဉ်ကို ဧပြီလ ၁၃ ရက်မှ ၁၆ ရက်ထိ၊ ပြည်-နေပြည်တော်၊ နေပြည်တော်-ပြည်ခရီးစဉ်ကို ဧပြီလ ၁၄ ရက်မှ ၁၆ ရက်ထိ ရပ်နားမည်ဖြစ်သည်။

"သင်္ကြန်ကာလမှာ ကြည့်မြင်တိုင်-ပြည်စာပို့ရထားကတော့ ပုံမှန်အတိုင်းပြေးဆွဲပါမယ်။ ပုံမှန်အချိန်ပါပဲ။ ကျန်တဲ့ ရထား ခရီးစဉ်တွေက ရပ်နားထားတာတွေရှိပါမယ်”ဟု ပြည်ဘူတာကြီး တာဝန်ကျရုံပိုင် ဦးအောင်စိုးဝင်းကပြောကြားသည်။

ရန်ကုန်-ပြည်- ပုဂံ၊ ပုဂံ-ပြည်-ရန်ကုန် ရထားခရီးစဉ်ကိုမူ ဧပြီလ ၁၄ရက်မှ ၁၆ ရက်ထိ သုံးရက်ကြာ ရပ်နားမည်ဖြစ်ကြောင်း ပြည်ဘူတာကြီးထံမှ သိရှိရသည်။

M-06



FOLLOW US