News

POST TAGGED AS

ရထားစက်ခေါင်း

နေပြည်တော်ဘူတာကြီးအနီး တည်ဆောက်ထားသည့် ရထားစက်ခေါင်း သစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံမှာ စတင်၍ လုပ်ငန်းလည်ပတ်နေပြီဖြစ်ပြီး တစ်နှစ်လျှင် စက်ခေါင်း ၂၀ ခန့် ထုတ်လုပ်နိုင်ရန် စီမံနေကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား (စက်မှုဌာန) အထွေထွေမန်နေဂျာ ဦးမြင့်နိုင်က ပြောကြားသည်။
အိန္ဒိယနိုင်ငံထုတ် ဒီဇယ်လျှပ်စစ် ရထားစက်ခေါင်း ၁၈ ခေါင်းအနက် နောက်ဆုံးအသုတ်အဖြစ် စက်ခေါင်း ခြောက်ခေါင်းကို အိန္ဒိယအစိုးရက မတ်လ ၁၉ ရက်တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မြန်မာ့မီးရထား (စက်ခေါင်းဌာန) ဒုတိယအထွေထွေမန်နေဂျာ ဦးမြင့်စိုးက ပြောကြားသည်။