News

POST TAGGED AS

ရတနာပုံ

မန္တလေးသင်္ကြန်တွင် ရတနာပုံခေတ် ဝင်းခင်းသရုပ်ပြမည်
မန္တလေး၊ ဧပြီ ၅

ရှေးဘုရင်များလက်ထက်က မောင်း ကြေးနင်းခတ်ကာ အမိန့်တော်ပြန်သည့် ပုံစံအတိုင်း သင်္ကြန်ကာလတွင် ဝင်းခင်း သရုပ်ပြမည်ဖြစ်ကြောင်း အဆိုပါအစီ အစဉ်ကို ဦးဆောင်နေသူများထံမှ သိရ သည်။ 

ယဉ်ကျေးမှုကိုမြတ်နိုးသည့် မန္တလေး မြို့ခံလူငယ်များစုပေါင်းကာ ရတနာပုံ ခေတ်သင်္ကြန်အတိုင်း ဝင်းခင်းသရုပ်ပြ ခြင်းဖြစ်သည်ဟု ၎င်းတို့က ပြောဆိုသည်။

အရပ်လေးမျက်နှာသို့လှည့်လည် ၍ မောင်းကြေးနင်းခတ်ကာ မဟာသင်္ကြန် စာဖတ်ကြားခြင်းသည် ရှေးမြန်မာမင်း များလက်ထက်ကပင် ရှိခဲ့သော်လည်း ယနေ့ခေတ်တွင် တိမ်မြုပ်ပျောက်ကွယ် နေပြီဖြစ်ကြောင်း၊ ယင်းအစီအစဉ်ကို ပြန်လည်ဖော်ထုတ်သည့်အနေနှင့် ရိုးရာ ယဉ်ကျေးမှုကိုမြတ်နိုးသည့်လူငယ်များ စုပေါင်း စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ဝင်းခင်း သရုပ်ပြမည့်အစီအစဉ်ကိုဦးဆောင်သူ မန္တလေးမြို့ခံ ကိုပြည့်စုံငြိမ်းက ပြောကြား သည်။

“အတိအကျမဟုတ်တောင် ပညာရှင်တွေရဲ့အကူအညီနဲ့ ရှေးမူအတိုင်း အနီးစပ်ဆုံး တူအောင်လုပ်မှာပါ” ဟု ၎င်းကပြောဆိုသည်။

အဆိုပါအစီအစဉ်ကို သင်္ကြန် အကြိုနေ့ မန္တလေးမြို့တော်မဏ္ဍပ်ဖွင့်ပွဲ ကျင်းပသည့်အချိန်တွင် လုပ်ဆောင် မည်ဖြစ်ပြီး ဝန်ကြီး၊ သိုင်းကိုင်၊ တကောင်း ကိုင်၊ လူပျိုတော်သား၊ အရံလူပျိုတော် သား၊ စည်တီးမည့်အမှုထမ်းနှင့်မောင်းတီး မည့်အမှုထမ်းတို့အပါအဝင် စုစုပေါင်း လူဦးရေ ၂၀ ကျော်ပါဝင်မည်ဖြစ်ကြောင်း၊ ဝန်ကြီးက သင်္ကြန်ကျရောက်မည့်အချိန်၊ နေ့ရက်တို့ကို ဖတ်ကြားမည်ဖြစ်ပြီး မင်္ဂလာ တံတားမှ မန္တလေးမြို့တော်ဝန်မဟာ သင်္ကြန်မဏ္ဍပ်ထိ လမ်းလျှောက်သရုပ်ပြ ရန်စီစဉ်ထားကြောင်း ဦးဆောင်စီစဉ် နေသူများထံမှ သိရသည်။

အဆိုပါအစီအစဉ်ကို လူငယ်များ က ဦးဆောင်စီစဉ်နေခြင်းဖြစ်သော ကြောင့် ပါဝင်ကူညီမည့်သူများအနေနှင့် ကိုပြည့်စုံငြိမ်း ဖုန်း ဝ၉-၄၀၂၅၄၈၇၇၄ ထံ ဆက်သွယ်နိုင်သည်။

M-07



FOLLOW US