POST TAGGED AS

ရတနာပုံတက္ကသိုလ်

ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌဟောင်း နိုင်ရဲဝေကို ရဲတပ်ဖွဲ့က တရားစွဲ
မန္တလေး၊ ဇွန် ၁၂

ပြည်ကြီးတံခွန်မြို့နယ် ရဲတပ်ဖွဲ့ထံတွင် လိမ်လည်တိုင်ကြားခဲ့သော ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌဟောင်း ကိုနိုင်ရဲဝေကို မမှန်မကန်သတင်းပေး တိုင်ကြားမှုဖြင့် ရဲတပ်ဖွဲ့က ဇွန်လ ၁၂ ရက်နေ့တွင် တရားရုံးဦးတိုက်လျှောက်ကာ တရားစွဲဆိုခဲ့သည်။

“မမှန်မကန် သတင်းပေးတိုင်ကြားတဲ့အတွက် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၂၁၁ အရ တရားရုံးဦးတိုက်လျှောက်ပြီး တရားစွဲလိုက်တာ”ဟု ပြည်ကြီးတံခွန် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်က ပြောကြားသည်။

ယင်းတရားစွဲဆိုမှုနှင့်ပတ်သက်၍ ပြည်ကြီးတံခွန်မြို့နယ်တရားရုံးက ဇွန်လ ၁၂ ရက်နေ့တွင် တရားလိုဖြစ်သူ ပြည်ကြီးတံခွန်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်ကို စစ်ဆေးခဲ့သည်။

“ကျွန်တော့်အနေနဲ့ကတော့ နှစ်ဖက်နားလည်မှု လွဲတယ်လို့ပဲမြင်ပါတယ်”ဟု တရားစွဲဆိုခံရသူ ကိုနိုင်ရဲဝေက ပြောကြားသည်။

ပြည်ကြီးတံခွန်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်နှင့် တပ်ဖွဲ့ဝင်များသည် ဇွန် လ ၁၂ ရက်နေ့ နံနက် ၂ နာရီခန့်အချိန်က လှည့်ကင်းဆောင်ရွက်နေစဉ် ယင်းမြို့နယ်အတွင်းရှိ ကျော်ကျော်အောင်ဈေးရှေ့ ဆိုင်ခန်းအမှောင်ရိပ်၌ ဆိုင်ကယ်ငါးစီးနှင့် လူ ၁၅ ဦးခန့်ကို တွေ့ရ၍ စစ်ဆေးရန် ရပ်တန့်ခိုင်းသော်လည်း ထွက်ပြေးခဲ့ကြောင်း၊ ၎င်းတို့ကို ရတနာပုံတက္ကသိုလ်အနီးတွင် ပြန်တွေ့၍စစ်ဆေးရာ ၎င်းတို့ထံမှ လက်ကိုင်ဖုန်းနှစ်လုံး၊ အားသွင်းကြိုးတစ်ချောင်း၊ ငွေစက္ကူရောရာ ၉၅,၀၀၀ ကျပ် တွေ့ရှိခဲ့ကြောင်း ပြည်ကြီးတံခွန်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကိုနိုင်ရဲဝေက လူ ၁၅ ဦးအဖွဲ့ထံမှ ငွေဆယ်သိန်းခြောက်သောင်း ပျောက်ဆုံးသည်ဟုဆိုကာ ပြည်ကြီးတံခွန် ရဲစခန်းတွင် လာရောက်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ရဲမှုခင်းမှတ်တမ်းအရသိရသည်။

M-01



FOLLOW US