News

POST TAGGED AS

ရင်းနှီးမြှုပ်နှံ

မြန်မာနိုင်ငံရှိ သဘာဝဓာတ်ငွေ့တူး ဖော်ရေးလုပ်ကွက်တစ်ခုတွင် အကျိုးတူ ပူးပေါင်းလုပ်ကိုင်ရန် အမေရိကန်ဒေါ်လာ ၄၇၅ သန်းခန့် ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်ဟု POSCO DAEWOO ကော်ပိုရေးရှင်းက ကြာသပတေးနေ့တွင် ထုတ်ပြန်ကြေညာလိုက်ကြောင်း တောင်ကိုရီးယား Yonghap သတင်းဌာနက ရေးသားဖော်ပြသည်။
ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် အဓိကကဏ္ဍသုံးခုဖြစ်သည့် ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၊ သတ္တုကဏ္ဍနှင့် စိုက်ပျိုးရေးကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
မြေယာပိုင်ဆိုင်မှု အခက်အခဲရှိသောကြောင့် ချင်းပြည်နယ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဝင်ရောက်မှု နည်းပါးခြင်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
ဘဏ္ဍာနှစ်ကြားကာလ၏ ပထမဆုံးလဖြစ်သည့် ဧပြီလအတွင်း သီလဝါ အထူးစီးပွားရေးဇုန်၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော် ဝင်ရောက်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
လာမည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်သည် အောက်တိုဘာလ ၁ ရက်နေ့တွင် စမည်ဖြစ်သောကြောင့် ကြားထဲတွင် ခြောက်လကျန်ရှိနေပြီး ယင်းကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ သုံးဘီလီယံ ဝင်ရောက်မည်ဟု လျာထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ထံမှ ခွင့်ပြုမိန့်ရပြီးသော်လည်း လုပ်ငန်းရပ်တန့်နေသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအချို့ကို ပြန်လည်သိမ်းဆည်းသွားမည်ဖြစ်ကြောင်း ယင်းကော်မရှင်ထံမှ သိရသည်။
၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ပြည်တွင်းသို့ ဝင်ရောက်သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ခြောက်ဘီလီယံကျော်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။
ဖွံ့ ဖြိုးမှုနည်းပါးသည့် ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုံးဝဝင်ရောက်ခြင်းမရှိသည်မှာ ဆက်တိုက်ရှိပြီဖြစ်ကြောင်း ရင်းနှီ မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
မြန်မာနိုင်ငံအတွင်းသို့ စီးပွားရေးလုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်ကြရန် ဆွစ်ဇာလန် ကုမ္ပဏီများအနေနှင့် စိတ်ဝင်စားလျက်ရှိကြောင်း ဆွစ်ဇာလန် သံအမတ် Ms.Livia Leu က ပြောကြားကြောင်း ကုန်သည်စက်မှုအသင်းချုပ်က ထုတ်ပြန်သည်။
တည်ဆောက်ရေးကာလထက် ကျော်လွန်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က ဒုတိယအကြိမ် ဝင်ရောက်စစ်ဆေးမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။