News

POST TAGGED AS

ရင်းနှီးမြှုပ်နှံ

လာမည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်သည် အောက်တိုဘာလ ၁ ရက်နေ့တွင် စမည်ဖြစ်သောကြောင့် ကြားထဲတွင် ခြောက်လကျန်ရှိနေပြီး ယင်းကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ သုံးဘီလီယံ ဝင်ရောက်မည်ဟု လျာထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ထံမှ ခွင့်ပြုမိန့်ရပြီးသော်လည်း လုပ်ငန်းရပ်တန့်နေသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအချို့ကို ပြန်လည်သိမ်းဆည်းသွားမည်ဖြစ်ကြောင်း ယင်းကော်မရှင်ထံမှ သိရသည်။
၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ပြည်တွင်းသို့ ဝင်ရောက်သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ခြောက်ဘီလီယံကျော်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။
ဖွံ့ ဖြိုးမှုနည်းပါးသည့် ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုံးဝဝင်ရောက်ခြင်းမရှိသည်မှာ ဆက်တိုက်ရှိပြီဖြစ်ကြောင်း ရင်းနှီ မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
မြန်မာနိုင်ငံအတွင်းသို့ စီးပွားရေးလုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်ကြရန် ဆွစ်ဇာလန် ကုမ္ပဏီများအနေနှင့် စိတ်ဝင်စားလျက်ရှိကြောင်း ဆွစ်ဇာလန် သံအမတ် Ms.Livia Leu က ပြောကြားကြောင်း ကုန်သည်စက်မှုအသင်းချုပ်က ထုတ်ပြန်သည်။
တည်ဆောက်ရေးကာလထက် ကျော်လွန်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က ဒုတိယအကြိမ် ဝင်ရောက်စစ်ဆေးမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
အိမ်၊ ခြံ၊ မြေလုပ်ငန်းနှင့် ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍတို့တွင် နိုင်ငံသားလုပ်ငန်းရှင်များ အများဆုံးရင်းနှီးမြှုပ်နှံထားပြီး ရင်းနှီးမြှုပ်နှံပမာဏ စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းကျော်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာနထံမှ သိရသည်။
တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (TRIC) ဖွဲ့စည်းပြီး အချိန်ရှစ်လအတွင်း ခွင့်ပြုခဲ့သည့် လုပ်ငန်း ၈ ခုအနက် ဟိုတယ်လုပ်ငန်း ထက်ဝက်ပါဝင်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူးက ပြောသည်။
အမေရိကန်ဒေါ်လာ ငါးသန်းအောက်တန်ဖိုးရှိ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်လိုသူများသည် ယခင်ကဲ့သို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ အတည်ပြုချက် ရယူရန် မလိုတော့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်လိုက်သည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း စက်မှုလုပ်ငန်းနှင့် အိမ်၊ ခြံ၊ မြေ လုပ်ငန်းတို့တွင် ဝင်ရောက်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏမှာ စုစုပေါင်းတန်ဖိုး၏ ၅၀ ရာခိုင်နှုန်းနီးပါးရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။