News

POST TAGGED AS

ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး အပါအဝင် ရဲမှူးကြီး ရှစ်ဦးကို စက်တင်ဘာ ၅ ရက်နေ့တွင် ပြောင်းရွှေ့ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှသိရသည်။
ရခိုင်ပြည်နယ် မောင်တောဒေသတွင် ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့ တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်လာရသည့် ကျောင်းသားများကို စစ်တွေမြို့ပေါ်နှင့် မြို့နယ်အတွင်း နီးစပ်ရာ ကျောင်းများ၌ ကျောင်းထားပေးရန် ရခိုင်ပြည်နယ် ပညာရေးမှူးရုံးက စီစဉ်နေသည်။
ရခိုင်ပြည်နယ် မောင်တောဒေသကို စစ်ဆင်ရေးနယ်မြေအဖြစ် သမ္မတရုံးက သတ်မှတ်ပေးကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်အောင်ရဲဝင်း (ပြည်သူ့ဆက်ဆံရေး နှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး)က The Voice သတင်းစာသို့ အတည်ပြု ပြောကြားသည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့ တိုက်ခိုက်ခံရမှုနယ်မြေအတွင်း ကျေးရွာများမှ ကျောင်းဆရာ၊ ဆရာမ သုံးရာကျော် ပိတ်မိနေဆဲဖြစ်ရာ စားနပ်ရိက္ခာနှင့် လုံခြုံရေး အခက်အခဲ ရှိနေကြောင်း ပိတ်မိနေသည့် ဆရာတစ်ဦးက ပြောကြားသည်။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန် ခေါင်းဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာကို ဩဂုတ်လ ၂၃ ရက်တွင် ယင်းကော်မရှင်အဖွဲ့ဝင်များက နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ ပေးအပ်ခဲ့သည်။
ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ နောက်ဆုံး အကြံပြုချက် အစီရင်ခံစာကို လာမည့် ဩဂုတ်လ နောက်ဆုံးအပတ်တွင် အစိုးရနှင့် တပ်မတော်ထံ ကောင်မရှင် အဖွဲ့ခေါင်းဆောင် ကိုဖီအာနန်ကိုယ်တိုင် တွေ့ဆုံ၍ ပေးပို့သွားမည်ဖြစ်ကြောင်း ယင်းကော်မရှင်ထံမှ သိရသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်မြေနှင့်ထိစပ်လျက်ရှိသော ရခိုင်ပြည်နယ်မေယု တောင်တန်းတစ်လျှောက် တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ဩဂုတ်လ ၁၀ ရက်နေ့၌ ညွှန်ကြားစာ ထုတ်ပြန်ခဲ့သည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများဖြစ်သော ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်များရှိ ဒေသနယ်မြေများနှင့်ဒေသခံပြည်သူများ၏ လုံခြုံရေးကို တပ်မတော်မှ လုံခြုံရေး အပြည့်အဝ ကာကွယ်ပေးနိုင်ရန် ရခိုင်အမျိုးသားပါတီမှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ သွားရောက် တွေ့ဆုံတောင်းဆိုခဲ့ကြောင်း ရခိုင်အမျိုးသားပါတီ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြသန်းက ပြောသည်။
“ကြောက်လန့်အောင် လုပ်ပြီးတော့ ကျွန်တော်တို့ တိုင်းရင်းသားတွေ နယ်မြေက ဆုတ်ခွာသွားအောင် လုပ်နေတာ”
ရခိုင်ပြည်နယ်အတွင်း လုပ်ကိုင် ဆောင်ရွက်လျက်ရှိသော နိုင်ငံတကာ အဖွဲ့များ၏ ဆောင်ရွက်ချက်များကို ရခိုင်ပြည်နယ် အစိုးရ၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်ခွင့် ပြုသွားမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရမှ ဩဂုတ်လ ၈ ရက်နေ့၌ ကြေညာချက် ထုတ်ပြန်ခဲ့သည်။