News

POST TAGGED AS

ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်ရေးရာ ကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန် ဦးဆောင်တင်သွင်းခဲ့သည့် အစီရင်ခံစာပါ အကြံပြုချက်များအတိုင်း မြန်မာနိုင်ငံ အစိုးရအနေနှင့် အကောင်အထည်ဖော် ဆောင်ရွက်ရန် အိန္ဒိယနိုင်ငံနှင့် ဥရောပသမဂ္ဂ(အီးယူ)တို့က တိုက်တွန်းပြောကြားလိုက်သည်။
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောမြို့များသို့ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ် H.E Mr. Mohammad Sufiur Rahman နှင့် ရခိုင်ပြည်နယ် ပြန်လည် ထူထောင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီဝင်များ အောက်တိုဘာလ ဒုတိယအပတ်တွင်း ကွင်းဆင်းလေ့လာမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။
ရခိုင်ပြည်နယ် မောင်တောဒေသတွင် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် စစ်တွေမြို့ပေါ် ထွက်ပြေးတိမ်းရှောင်ရသည့် ဒေသခံတိုင်ရင်းသားများကို မရမာကြီး တိုင်းရင်းသားများ လူမှုဘဝတိုးတက်ဖွံ့ဖြိုးရေးအသင်းက အလှူငွေနှင့် အဝတ်အထည်များ သွားရောက်လှူဒါန်းခဲ့သည်။
မန္တလေးမြို့တော်ရှိ လူစည်ကားရာ ဘုရားစေတီပုထိုးများတွင် သီတင်းကျွတ်ပွဲတော်ကာလအတွင်း လုံခြုံရေးအင်အား တိုးမြှင့်ချထားရန် စီစဉ်နေကြောင်း မန္တလေး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးအောင်က ပြောကြားသည်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ၏ ရခိုင်ပြည်နယ်တွင်း နှစ်ရက်တာ ကွင်းဆင်းလေ့လာခဲ့မှုမှ အရေးပေါ် အကောင်အထည်ဖော်မည့် စီမံချက်များနှင့်ပတ်သက်၍ စက်တင်ဘာလ ၂၈ ရက်တွင် ဝန်ကြီးဌာနအလိုက် ဆွေးနွေးမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ဦးစိုးအောင်က ပြောကြားသည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု၊ ပဋိပက္ခများကြောင့် ဩဂုတ်လ ၂၅ ရက်နေ့မှ စက်တင်ဘာလ ၁၈ ရက်နေ့အထိ ဆေးရုံတက်ရောက် ကုသသည့်လူနာ ၉၆ ဦးရှိကြောင်း ယင်းဆေးရုံကြီး၏ ဆေးရုံအုပ် ဒေါက်တာကျော်နိုင်ဝင်းက အတည်ပြု ပြောကြားသည်။
တိုင်းပြည်၏ ဘတ်ဂျက်နှင့် ပြည်သူများ၏ အလှူငွေများကို ယိုပေါက်မရှိအောင် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြပြီး ခြံစည်းရိုးခတ်ပြီးရုံဖြင့်လည်း မပြီးသေးဘဲ နိုင်ငံတကာမှ နည်းပညာများကို အကူအညီရယူပြီး CCTV ကင်မရာများ တပ်ဆင် စောင့်ကြည့်ရန်အထိ လုပ်နိုင်လျှင်ကောင်းသည်။
ရခိုင်ပြည်နယ် မောင်တောဒေသတွင် ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့ တိုက်ခိုက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ဆရာများအနေနှင့် စက်တင်ဘာလ ၁၇ ရက် နောက်ဆုံး မိမိတို့တာဝန်ကျရာ စာသင်ကျောင်းသို့ ပြန်လာရမည်ဖြစ်ပြီး ပျက်ကွက်ပါက အရေးယူမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်ကြွေးသွန်းဘုရားအနီးမှ တာမွေမြို့နယ်၊ ကျိုက္ကဆံအားကစားကွင်း (ဟစ်တိုင်)အထိ လူအင်အား ၅၀၀ ခန့်ဖြင့် ဦးဆောင်ဆန္ဒပြခဲ့သူ ကိုဝင်းကိုကိုလတ် အပါအဝင် အမျိုးသားရေးတက်ကြွလှုပ်ရှားသူ သုံးဦးကို ဗဟန်းမြို့နယ် တရားရုံးက စက်တင်ဘာလ ၆ ရက်မွန်းလွဲ ပိုင်းတွင် ထောင်ဒဏ်အသီးသီး အမိန့်ချမှတ်ခဲ့သည်။
ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး အပါအဝင် ရဲမှူးကြီး ရှစ်ဦးကို စက်တင်ဘာ ၅ ရက်နေ့တွင် ပြောင်းရွှေ့ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှသိရသည်။