POST TAGGED AS

ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာသုဿန်၌ လူများအား သတ်ဖြတ်မြှုပ်နှံထားကြောင်း သတင်းပေးပို့ တိုင်ကြားမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စုံစမ်းစစ်ဆေးခဲ့ရာ အမည်မသိ ရုပ်အလောင်းများ ရှာဖွေတွေ့ရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ယနေ့ (ဒီဇင်ဘာ ၁၈ ရက်) ည ၇ နာရီ ၁၅ မိနစ်ခန့်တွင် သတင်းထုတ်ပြန်သည်။
ဧရာဝတီတိုင်းဝန်ကြီးချုပ် မန်းဂျော်နီနှင့် တိုင်းအစိုးရအဖွဲ့ဝင်များ၊ တိုင်းလွှတ်တော်ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များက ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့မှုနှင့် ပတ်သက်၍ မဲဆန္ဒရှင်ပြည်သူများ သိရှိလိုကြောင်းကို ဒီဇင်ဘာလ ၁၃ရက်က ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် မေးမြန်းခဲ့သည်။
ရခိုင်ပြည်နယ်ရှိ နေအိမ်မရှိသူများအတွက် ရည်ရွယ်ကာ စစ်တွေမြို့ ရွှေပြည်သာရပ်ကွက်တွင် ဆောက်လုပ်ထားသော တန်ဖိုးနည်း တိုက်ခန်းများကို ဇန်နဝါရီ လဆန်းပိုင်းတွင် ပထမဆုံးအကြိမ် ရောင်းချမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးရွှေဝင်းက ပြောကြားသည်။
ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးနှစ်ခု ထိစပ်နေသည့် ရခိုင်ရိုးမတောင်တန်းတွင် ဒီဇင်ဘာ ၄ ရက်မှ ၁၀ ရက်အထိ ဘိန်းစိုက်ခင်းဧက ၅၀ ကျော်ခန့်ကို ဖျက်ဆီးပြီးဖြစ်ကြောင်း မူးယစ်တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ အကြံပေးအဖွဲ့ကို ပြည်တွင်းပြည်ပ ပညာရှင်များဖြင့် ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ကြေညာခဲ့သည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ တိမ်းရှောင်သူများ မြန်မာနိုင်ငံသို့ ပြန်လာရာတွင် နိုင်ငံသားစိစစ်မှု လုပ်ငန်းစဉ်ကို မဖြစ်မနေလက်ခံ၍ NVC (နိုင်ငံသား စိစစ်ခံရမည့်သူ၏ သက်သေခံ ကတ်ပြား) ကိုင်ဆောင်ရမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားသည်။
မြန်မာနိုင်ငံမှ ရခိုင်ပြည်နယ် အပါအဝင် အာဆီယံဒေသတွင်း ခြေကုပ်ယူလာသော ဘာသာရေး စစ်သွေးကြွများကို အာဆီယံနိုင်ငံများက နှိမ်နင်း တိုက်ခိုက်ရမည်ဖြစ်ကြောင်း စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်ဟု Bangkok Post သတင်းစာက ဖော်ပြသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်ကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက လက်မှတ်ထိုး တိုင်ကြားထားမှုအပေါ် လွှတ်တော်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ကာ စစ်ဆေးမည်ဖြစ်ကြောင်း ပြည်နယ်ကိုယ်စားလှယ်များထံမှ သိရသည်။
ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီလူမျိုးများအပေါ် အကြမ်းဖက်မှုများသည် လူသားကျင့်ဝတ် ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် အလွန် တူညီနေသည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်မှုသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ကျူးကျော်စော်ကားခြင်းဖြစ်သည်ဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးထင်လင်းက တုံ့ပြန်လိုက်ကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရိုဟင်ဂျာ (မူရင်း သတင်းပါ အသုံးအနှုန်း) အမျိုးသမီးများနှင့် မိန်းကလေးငယ်များ ကြုံဆုံနေရသည့် အခြေအနေများနှင့် ပတ်သက်၍ မြန်မာအစိုးရ၏ သီးခြား အစီရင်ခံစာ တင်ပြသင့်ကြောင်း အမျိုးသမီးများကို ခွဲခြားဆက်ဆံခြင်း အဖုံဖုံ ပယ်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာစာချုပ် (CEDAW) ကို စောင့်ကြည့်သည့် ကုလသမဂ္ဂ ကျွမ်းကျင်သူများက တောင်းဆိုလိုက်သည်။