News

POST TAGGED AS

ရခိုင်ပြည်နယ်

မောင်တောမြို့နယ် မြောက်ပိုင်း တရိန်းကျေးရွာ အနောက်ဖက် (၁) မိုင်အကျော်ခန့်တွင် ယနေ့ (ဇန်နဝါရီ ၅ ရက်)နံနက် ၁၀ အချိန်ခန့်က တပ်မတော်သားများ လိုက်ပါလာသည့်ယာဉ် ဆွဲမိုင်း ဖောက်ခွဲခံရမှုကြောင့် ဗိုလ်ကြီးတစ်ဦး အပါအဝင် တပ်မတော်သား ခြောက်ဦးနှင့် အရပ်သား ဒရိုင်ဘာတစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။
ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်၏ လုပ်ဆောင်ချက်များအပေါ် ထောက်ခံကြောင်းကို တောင်ကုတ်မြို့နယ်တွင် ဇန်နဝါရီလ ၂ ရက် မွန်းလွဲပိုင်းက ဒေသခံ ရာနှင့်ချီထောက်ခံကြောင်း ဦးဆောင်သူ ဦးစိုးသီဟထံမှ သိရသည်။
ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး တာဝန်ကျေပွန်စွာ မထမ်းဆောင်ဟုဆိုကာ တာဝန်မှရပ်စဲပေးရန် တိုင်ကြားခံရမှုနှင့်ပတ်သက်၍ ဇန်နဝါရီ လ ၂ ရက်တွင် ပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေးတစ်ရပ်ကျင်းပကာ ဆုံးဖြတ်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်လွှတ်တော်ထံမှ သိရသည်။
ရခိုင်ပြည်နယ်၌ အဆင့်မြင့်ဈေးသစ်ကြီး တည်ဆောက်ရန်အတွက် အိတ်ဖွင့်တင်ဒါ ခေါ်ယူရာတွင် ပွင့်လင်းမြင်သာမှု မရှိကြောင်း ရခိုင်အမျိုးသားပါတီ (ANP) မှ ဗဟိုကော်မတီဝင် ဦးနှင်းထွန်းတိုးက လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဝေဖန်ရေးသားခြင်းကြောင့် ပြည်နယ်အစိုးရအဖွဲ့က ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ထားကြောင်း ရဲတပ်ဖွဲ့ စခန်းထံမှသိရသည်။
ယခုရက်ပိုင်းတွင် ထွက်ပေါ်လာသည့် ရခိုင်အရေးနှင့် ပတ်သတ်သည့်သတင်းများကို လေ့လာကြည့်လျှင် မကြာမီ ၂၀၁၈ နှစ်ဆန်းပိုင်း အစကာလတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နေရပ်စွန့်ခွာသူများကို ပြန်လည် လက်ခံကြတော့မည်ဖြစ်ပြီး ထိုအရေးနှင့် တိုက်ဆိုင်စွာပင် ယခုရက်ပိုင်းတွင်မူ အမည်မသိ ရုပ်အလောင်း ၁၀ လောင်း တူးဖော်ရရှိမှု သတင်းကလည်း ယှဉ်တွဲပေါ်ပေါက်လာခဲ့ရာ ရှေ့ဆက်ပြီး ထိုဒေသအရေးသည် မည်သို့ ရှိလာမည်နည်း။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသော ပဋိပက္ခကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူများအတွက် တရုတ်နိုင်ငံက လှူဒါန်းထားသော အလွယ်တကူ တပ်ဆင်နိုင်သည့် ရွေ့လျားအိမ် (Assembled Board House) များ တင်ဆောင်လာသော ကွန်တိန်နာ သင်္ဘောသည် ယနေ့ (ဒီဇင်ဘာ ၂၅ ရက်)တွင် ရန်ကုန်သို့ရောက်မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။
ရခိုင်ပြည်နယ် မောင်တောခရိုင်ရှိ မောင်တော၊ ဘူးသီးတောင်နှင့် စစ်တွေခရိုင် ရသေ့တောင်မြို့နယ်များတွင် အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ပိတ်ထားခဲ့ရသော ကျောင်းပေါင်း ၄၀ဝ ကျော်အနက် ၂၈၇ ကျောင်းကို ဖွင့်လှစ်ပြီးဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံးထံမှ သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့ခုံတိုင်(မြို့) ကျေးရွာပြန်လည်တည်ဆောက်ရေးအတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက နေအိမ်အလုံး ၃၀ ကို ဆောက်လုပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း ဖောင်ဒေးရှင်း၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အထွက်နှုန်းနှင့် ဈေးကွက်သေချာသည့် ချင်း (ဂျင်း) သီးနှံကို ရခိုင်ပြည်နယ်ရှိ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် စတင်စမ်းသပ် စိုက်ပျိုးရန် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ ရခိုင်ပြည်နယ်အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်းပြင်ဆင် ဆောင်ရွက်နေကြကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှ သိရသည်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာသုဿန်၌ လူများအား သတ်ဖြတ်မြှုပ်နှံထားကြောင်း သတင်းပေးပို့ တိုင်ကြားမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စုံစမ်းစစ်ဆေးခဲ့ရာ အမည်မသိ ရုပ်အလောင်းများ ရှာဖွေတွေ့ရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ယနေ့ (ဒီဇင်ဘာ ၁၈ ရက်) ည ၇ နာရီ ၁၅ မိနစ်ခန့်တွင် သတင်းထုတ်ပြန်သည်။