News

POST TAGGED AS

ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ် မြောက်ဦးမြို့၌ ဇန်နဝါရီလ ၁၆ ရက်နေ့ ညပိုင်းက လူစုလူဝေး ဖြစ်ပေါ်သည်ကို ရဲတပ်ဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်ခတ် လူစုခွဲရာမှ ၇ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာသူများအနက် ရှစ်ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း လူနာရှင်များထံမှ သိရသည်။
မောင်တောခရိုင်ရှိ လုံခြုံရေးစခန်းများကို တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သော အကြမ်းဖက်သမား ၄၀၀၀ ကျော်ကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဖမ်းဆီးပြီး မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးရန် ရခိုင် အမျိုးသားပါတီ (ANP) က ဇန်နဝါရီ ၁၅ ရက်က သဘောထားချက်ထုတ်ပြန်ကာ တောင်းဆိုလိုက်သည်။
ဘင်္ဂလားဒေ့ရှ်မှ ပြန်လာမည့် ဒုက္ခသည်များ ပြန်လည်လက်ခံရန်အတွက် ကြားစခန်းဖြစ်သည့် ၁၂၄ ဧကရှိ လှဖိုးခေါင်စခန်းတွင် အသင့်ဆောက်အိမ်များ စတင်ဆောက်လုပ်နေပြီး ဒုက္ခသည်များကို လက်ခံရန်အတွက် နောက်ဆုံး ညှိနှိုင်းမှု ပြုလုပ်နေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။
ဘင်္ဂလားဒေ့ရှ်မှပြန်လာမည့် ဒုက္ခ သည်များ လက်ခံရန် တောင်ပြိုလက်ဝဲ လက်ခံရေးစခန်းတွင် ဌာနဆိုင်ရာဝန်ထမ်း ၆၈ ဦးရောက်ရှိလာပြီဖြစ်သောကြောင့် လက်ခံရေးစတင်ရန် ပြင်ဆင်နေပြီဖြစ် ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဦးစီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောကြားသည်။
ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာတာရော့ခိုနို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ဇန်နဝါရီ ၁၃ ရက် နံနက်ပိုင်းက မောင်တောမြို့နယ်ရှိ ဘင်္ဂါလီများနေထိုင်ရာ ပန်းတောပြင်ကျေးရွာနှင့် တောင်ပြိုလက်ဝဲမြို့သို့ ရဟတ်ယာဉ်ဖြင့် သွားရောက်ခဲ့သည်။
ရခိုင်ပြည်နယ် အမ်းမြို့တွင် သိမ်းဆည်းခံထားရသည့် မြေများကို သိမ်းဆည်းခဲ့သူများက ပြန်လည် စွန့်လွှတ်ခဲ့သော်လည်း မြေယာကော်မတီက လုပ်ဆောင်ပေးခြင်းမရှိသဖြင့် တောင်သူအများစု မြေယာများ ပြန်မရသေးကြောင်း တောင်သူများထံမှ သိရသည်။
ရခိုင်ပြည်နယ်အတွက် ပုဂ္ဂလိက သတင်းစာတစ်စောင် ထုတ်ဝေရန် မြန်မာ သတင်းမီဒီယာကောင်စီ စီစဉ်မည်ဖြစ်ကြောင်း အဆိုပါကောင်စီ ဒုတိယဥက္ကဋ္ဌ ၂ ဒေါက်တာမျိုးသန့်တင်က ပြောကြားသည်။
မြန်မာအစိုးရနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကြား သဘောတူထားသည့် ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များ ပြန်လည်နေရာချထားရေး ဆောင်ရွက်မှုအပေါ် ရခိုင်ပါတီက ဝေဖန်လိုက်သည်။
ရခိုင်ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီးမှာ တာဝန်ထမ်းဆောင်ရန် မသင့်ကြောင်း ပြည်နယ်လွှတ်တော်တွင် ဆုံးဖြတ်မှု အစီရင်ခံစာကို ဇန်နဝါရီလ ၅ ရက်က နိုင်ငံတော်သမ္မတထံ ပေးပို့လိုက်ကြောင်း ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးမြင့်သန်းက ပြောသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဇန်နဝါရီလ ၅ ရက်နေ့က ဆွဲမိုင်းဖောက်ခွဲမှု လုပ်ဆောင်ခဲ့ပြီး တိုက်ခိုက်မှုများ စတင် လိုက်ပြီဟု ARSA အကြမ်းဖက်အဖွဲ့က လူမှုကွန်ရက် တွစ်တာမှတစ်ဆင့် ယနေ့ ထုတ်ပြန်လိုက်သည်။