News

POST TAGGED AS

ရခိုင်ပြည်နယ်

မောင်တောမြို့နယ်၌ ဘင်္ဂါလီလူမျိုးပိုင် ထော်လာဂျီယာဉ်ပေါ်မှ ကာလတန်ဖိုး ကျပ်သိန်းနှစ်သောင်းကျော် တန်ဖိုးရှိ WY စိတ်ကြွဆေးပြား ၁၂ သိန်းကျော်၊ ဇန်နဝါရီ လ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီအခွဲအချိန်က ဖမ်းမိခဲ့ကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့ မှူးရုံးမှ ဒုတိယရဲမှူးကြီး ထွန်းမြင့်ထွန်းထံမှ သိရသည်။
မောင်တောဒေသတွင် အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် တိုင်းရင်းသားများကို ကူညီထောက်ပံ့ရန် လှူဒါန်းထားမှုများအနေနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တွင် ကျပ်သိန်း ၂၄၈၆၈ ကျော် ကျန်ရှိနေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ် ဥပဒေချုပ် ဦးကျော်လှထွန်းက ပြောသည်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ အကြံပေးရေးအဖွဲ့တွင် ပါဝင်သူ အမေရိကန်ပြည်ထောင်စုဝန်ကြီး ဟောင်း ဘီလ်ရတ်ချက်ဆန်သည် ဇန်နဝါရီလ ၂၄ရက်နေ့က နုတ်ထွက်သွားခဲ့သည်။
...ကျွန်တော်က ဒီနိုင်ငံသား၊ ဒီနိုင်ငံမှာမွေးပြီး ဒီနိုင်ငံမှာပဲ သေမယ်။ ကျွန်တော့်လိုပဲ နောက်က ထိုင်နေကြသူတွေလည်း ဒီသဘောပဲ။ ကျွန်တော်တို့လိုချင်တာ တိုင်းရင်းသားအခွင့်အရေး မဟုတ်ဘူး။ နိုင်ငံသားအခွင့်အရေးပဲ။ ဒီနိုင်ငံမှာ မွေးတယ်။ ဒီနိုင်ငံရဲ့ကျေးဇူးကို သိရမယ်။ ကျွန်တော်တို့ကို ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စောင့်ရှောက်ပေးရင် ကျေနပ်တယ်”
... ရပ်ကွက်ကွင်းပြင်ထဲမှာ ဟိန္ဒူကလေးငယ်များ ဆော့ကစားနေကြသည်။ လာရာလမ်းတစ်လျှောက် ဒေသခံရွာသားတွေနှင့် ယခုမှပဲ တွေ့ဆုံစကားပြောခွင့်ရသည်။ ကြိမ်ချောင်းက ရခိုင်တိုင်းရင်းသားတွေရော၊ ဟိန္ဒူဘာသာဝင်တွေရော၊ မွတ်ဆလင် ဘင်္ဂါလီတွေပါ အတူတကွ နေထိုင်ခဲ့သော ရွာကြီးတစ်ရွာ ဖြစ်သည်။ ယခုတော့ မွတ်ဆလင်ဘာသာဝင် ဘင်္ဂါလီတွေ မရှိတော့ပါ။
... မြန်မာနိုင်ငံက အချက်အလက် ဓာတ်ပုံအထောက်အထား ခိုင်လုံစွာဖြင့် ပေးပို့ထားပြီးသားဖြစ်သည့် ARSA အစွန်းရောက် အကြမ်းဖက်သမားများကို စုံစမ်းထောက်လှမ်း ဖမ်းဆီးကာ ပြန်လည် လွှဲပြောင်းပေးရေးကိစ္စဖြစ်ရာ ထိုအရေးအတွက် အမှန်တကယ် လက်တွေ့မြေပြင်တွင် ဆောင်ရွက်ကြရာတွင် မည်သို့မည်ပုံ အခက်အခဲများ ကြုံလာနိုင်မည် ဆိုသည်မှာလည်း စိတ်ဝင်စားစရာ ကောင်းလှပါသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဝင်္ကဘာကွင်းတွင် ဇန်နဝါရီလ ၂၇ ရက်မှ ၃၁ ရက် (တပို့တွဲလပြည့်နေ့) အထိ ကျင်းပရန် စီစဉ်ထားသော ရခိုင်ရိုးရာ ရထားဆွဲပွဲတော်ကို ဖျက်သိမ်းလိုက်ကြောင်း ကျင်းပရေးကော်မတီ၊ ရထားပူဇော်ပသရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဇံမောင်က ပြောသည်။
ရခိုင်ပြည်နယ် မြောက်ဦးမြို့၌ ဖြစ်ပွားခဲ့သော အဓိကရုဏ်းနှင့်ပတ်သက်၍ ဖြစ်စဉ်မှန် ပေါ်ပေါက်ရေးအတွက် လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်းကာ စစ်ဆေးပေးရန် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) နှင့် စစ်တွေမြို့နယ် လူမှုအဖွဲ့အစည်းများ ကိုယ်စားပြုကော်မတီများက ဇန်နဝါရီလ ၁၉ ရက်က တောင်းဆိုသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်မှုကြောင့် ရွာလုံးကျွတ်မီးလောင်ထွက်ပြေးသွားသည့် ဟိန္ဒူနှင့် အစ္စလာမ်ဘာသာဝင် လူဦးရေစာရင်း (လူပေါင်း ၁၁၀၀) ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဌာနသို့ ပေးပို့ထားကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောကြားသည်။
အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်၏ ယနေ့မွန်းလွဲ ၁ နာရီခန့်က နေအိမ်ရှေ့တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။