News

POST TAGGED AS

ရခိုင်ပြည်နယ်

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရခိုင်ပြည်နယ်ရောက်ရှိ၊ ဒုက္ခသည်စခန်းများ သွားမည်

ရန်ကုန်၊ ဇူလိုင် ၂

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Fillippo Grandi နှင့် အဖွဲ့ဝင်များသည့် ရခိုင်ပြည်နယ်သို့ ရောက်ရှိနေပြီး၊ ဒုက္ခသည် စခန်းများကို သွားရောက် တွေ့ဆုံမည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ပြန်ကြားရေးဆက်သွယ်ရေး အရာရှိ ဦးသက်ဆွေက ပြောကြားသည်။

“ရခိုင်မှာ လေးရက် ငါးရက်လောက် ကြာမယ်၊ ဒီနေ့ ၃ နာရီခွဲ ရောက်မယ်၊ အကြမ်းဖျင်း မောင်တောဘက်ရယ်၊ မြောက်ဦးခရိုင်၊ စစ်တွေဘက် သွားမယ်၊ ဒုက္ခသည်စခန်းတွေ သွားဖို့ရှိတယ်၊ အသေးစိတ် မသိသေးဘူး၊ နောက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးက ဒေသခံတွေနဲ့ တွေ့ဆုံဖို့ ရှိတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါ ခရီးစဉ်တွင် ရခိုင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်းမှ ပြည်သူများ အပါအဝင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးအတွင်း ဒေသခံများနှင့် တွေ့ဆုံမှုများ ပြုလုပ်သွားမည်ဟု ၎င်းက ပြောကြားသည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Fillippo Grandi နှင့် အဖွဲ့ဝင်လေးဦး ဇူလိုင်လ ၁ ရက်က ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Fillippo Grandi နှင့် အဖွဲ့ဝင်လေးဦးနှင့်အတူ  မြန်မာနိုင်ငံ အစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ မဟာဗျူဟာ လေ့လာရေးနှင့် လေ့ကျင့်ရေးမှူးချုပ် တာဝန်ရှိသူများ ပါဝင်သော ယင်းအဖွဲ့မှာ ဇူလိုင်လ ၂ ရက်နေ့ ညနေပိုင်းတွင် ရခိုင်ပြည်နယ်သို့ ရောက်ရှိမည်ဖြစ်သည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Fillippo Grandi ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့သည် ရခိုင်ပြည်နယ်သို့  သွားရောက် လေ့လာပြီးနောက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်တွင် တွေ့ဆုံမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် ကုလသမဂ္ဂ  ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က သတင်းထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများ၌ လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို စစ်ဆေးရန်ဟုဆိုကာ ကုလလူအခွင့်အရေး ကောင်စီက ဖွဲ့စည်းထားသည့် သီရိလင်္ကာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌဟောင်း Radhika Coomaraswamy ဦးဆောင်သည့်အဖွဲ့ကို လက်မခံကြောင်း မြန်မာ အစိုးရက တရားဝင် ထုတ်ပြန် ပြောဆိုထားသည်။

J-18



FOLLOW US