News

POST TAGGED AS

ရခိုင်ပြည်နယ်

မြစ်ကြီးနားသင်္ကြန် လုံခြုံရေး တင်းကျပ်မည်
မြစ်ကြီးနား၊ ဧပြီ ၎

မြစ်ကြီးနားမြို့နယ်တွင် မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန် ကာလအတွင်း လူအများ အပန်းဖြေသည့် နေရာများနှင့် မြို့တွင်းနေရာများကို လုံခြုံရေး တင်းကျပ်စွာ ဆောင်ရွက်မည်ဖြစ်ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

မဟာသင်္ကြန် ကာလအတွင်း မြစ်ဆုံဒေသ၊ ကရိန်နော် အပန်းဖြေရိပ်သာ၊ အောင်မြင်သာဒေသရှိ အပန်းဖြေနေရာများကို အမှုအခင်း မဖြစ်ပွားစေရန် အထူး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံး ဒုတိယ ပြည်နယ်ရဲမှူးကြီး မျိုးသူရနောင်က ပြောကြားသည်။

“သင်္ကြန်အတွက် လုံခြုံရေး အစီအစဉ်က ဆွဲထားပြီးပြီ။ အင်အားက ဒီဒေသ ရဲတပ်ဖွဲ့ ၅၀ ရာခိုင်နှုန်းထက် မနည်းသုံးမယ်”ဟု ၎င်းက ပြောဆိုသည်။

လက်ရှိမြစ်ကြီးနားမြို့တွင် သင်္ကြန် အကြိုကာလအတွင်း မှုခင်းကျဆင်းရေး ပညာပေး ဆောင်ရွက်မှုများကို မော်တော်ယာဉ်ဖြင့်လှည့်လည်၍ ဆောင်ရွက်နေကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် သင်္ကြန်ကာလအတွင်း မြစ်ကြီးနားမြို့တွင် သက်ငယ် မုဒိမ်းမှု ၁ မှု၊ ယာဉ်တိုက်မှု ၃ မှုဖြစ်ပွားခဲ့ပြီး ၂ ဦး သေဆုံး၍ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြစ်ကြီးနားမြို့နယ် ရဲစခန်းထံမှ သိရသည်။ 

ကချင်ပြည်နယ်အတွင်း နှစ်စဉ်သင်္ကြန် ကာလအချိန်၌ မှုခင်း အများဆုံးဖြစ်ပွားမှုမှာ ယာဉ်မဆင်မခြင် မောင်းနှင်မှုကြောင့် လူငယ်ပိုင်း အရွယ်များတွင် ဖြစ်ပွားနေကြောင်း ဒေသခံများက ဆိုသည်။

R-06



FOLLOW US