News

POST TAGGED AS

ရခိုင်ပြည်နယ်

07-Dec-2016

ရခိုင်ပြည်နယ်
ရခိုင်အရေးသည် အာဆီယံ တည်ငြိမ်မှုကို မပျက်ပြားနိုင်ဟု ကိုဖီအာနန်ဆို

ရန်ကုန်၊ ဒီဇင်ဘာ ၆

ရခိုင်ပြည်နယ် အရေးသည် အာဆီယံ နိုင်ငံများ၏ တည်ငြိမ်မှုများကို မပျက်ပြားစေနိုင်ကြောင်း ရခိုင်ပြည်နယ် အကြံပေး ကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန်က ပြောကြားလိုက်သည်။

ရခိုင်ပြည်နယ် အကြံပေး ကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန်သည် ဒုတိယ အကြိမ်မြောက် ရခိုင်ပြည်နယ် ခရီးစဉ်အပြီး ဒီဇင်ဘာလ ၆ ရက်က ရန်ကုန်မြို့တော်ရှိ ဆူးလေ ရှန်ဂရီလာဟိုတယ်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းမှုကို အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

“ရခိုင်ပြည်နယ်ရဲ့အခြေအနေတွေကြောင့် အာဆီယံနိုင်ငံ အချင်းချင်း မတည်ငြိမ်မှုတွေဘက်ကို ဦးတည် မသွားနိုင်ဘူး။ ဒီလို အခြေအနေတွေကို ထိန်းချုပ်ပြီး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နိုင်မယ်လို့ အကြံပေး ကော်မရှင်က မျှော်လင့်ပါတယ်။ နယ်စပ် ထိန်းချုပ်ရေး လုပ်ငန်းတွေနဲ့ဆိုင်တဲ့ နယ်စပ်ဖြတ်ကျော်တဲ့ ကိစ္စတွေမှာ အိမ်နီးချင်းနိုင်ငံ အချင်းချင်း ပူးပေါင်း ဆောင်ရွက်ဖို့ လိုတယ်”ဟု ကိုဖီအာနန်က ဆိုသည်။

ရခိုင်ပြည်နယ်၌ ဖြစ်ပေါ်နေသော ဘင်္ဂါလီ အရေးကိစ္စအပေါ် မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇတ် ဦးဆောင် ဆန္ဒပြခြင်းကို မြန်မာနိုင်ငံရှိ အစ္စလာမ်အဖွဲ့များက ဒီဇင်ဘာလ ၅ ရက်တွင် ကန့်ကွက်စာ ထုတ်ပြန်ခြင်း မြန်မာနိုင်ငံရှိ အစ္စလာမ် ဘာသာဝင်များသည် မြန်မာနိုင်ငံသားများနှင့် တစ်သားတည်း ရှိနေခြင်းကို ပြသခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် အကြံပေး အဖွဲ့ဝင်များက သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

မစ္စတာ ကိုဖီအာနန်သည် ရခိုင်ပြည်နယ် ခရီးစဉ်အပြီး ဒီဇင်ဘာလ ၅ ရက်နှင့် ၆ ရက်တို့တွင် နိုင်ငံတော် သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့နှင့် တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံမှုအပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ဒီဇင်ဘာလ ၆ ရက် သတင်းထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ် မောင်တောဒေသရှိ အကြမ်းဖက် အဖွဲ့များကို ရှင်းလင်းရေး ဆောင်ရွက်ရာတွင် တပ်မတော်က မုဒိမ်းမှု၊ မီးရှို့မှုများ လုပ်ဆောင်ခြင်း မရှိကြောင်း၊ ထို့နောက် လူသားချင်း စာနာထောက်ထားမှု အကူအညီနှင့် ပတ်သက်ပြီး တပ်မတော်က အတတ်နိုင်ဆုံး ကူညီ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဘင်္ဂါလီများ အနေနှင့် IDP Camp တွင် စုစည်းနေထိုင်ရန် လိုအပ်ကြောင်း၊ ထိုကဲ့သို့ ပူးပေါင်း ဆောင်ရွက်မှသာ Registration လုပ်ငန်းများနှင့် Identify လုပ်ငန်းများ လုပ်ဆောင်ရမည် ဖြစ်ကြောင်းကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားသည်။ 

ကိုဖီအာနန်သည် နိုဝင်ဘာလ ၂၉ ရက်က ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး ဒီဇင်ဘာလ၂ ရက်မှ၎ရက်အထိ ရခိုင် ပြည်နယ် စစ်တွေ၊ မြောက်ဦး၊ ဘူးသီးတောင်နှင့် မောင်တောမြို့များသို့ သွားရောက်ခဲ့ပြီး ဒီဇင်ဘာလ ၇ ရက်တွင် မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာမည်ဖြစ်သည်။

ရခိုင်ပြည်နယ် မောင်တောဒေသတွင် ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၁၀ ဦး ကျဆုံးခဲ့သဖြင့် နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်စဉ် တပ်မတော်မှ ဗိုလ်မှူး တစ်ဦး ထပ်မံ ကျဆုံးခဲ့ကြောင်း၊ အောက်တိုဘာလ ၉ ရက်မှ ဒီဇင်ဘာလ ၁ ရက်အထိ အဆိုပါ အဖွဲ့နှင့် ပါဝင် ပတ်သက်သူ ၁၂၃၁ ဦးကို ဥပဒေအရ စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံရုံးက ထုတ်ပြန်သည်။

J-07



FOLLOW US