News

POST TAGGED AS

ရခိုင်ပြည်နယ်

07-Nov-2016

ရခိုင်ပြည်နယ်
ဆော်ဒီက ရခိုင်ပြည်နယ်ရှိ ကျေးရွာ ၃ဝ ကျော်ကို ကူညီမည့် အစီအစဉ် OIC ကြိုဆို

ရန်ကုန်၊ နိုဝင်ဘာ ၇

ဆော်ဒီ အာရေဗျအစိုးရ အစီအစဉ် တစ်ခုဖြစ်သော KS-RELIEF (King Salman Relief and Humanitarian AidCentre) က ရခိုင်ပြည်နယ် အတွင်းရှိ ကျေးရွာ ၃၅ ရွာကို လူသားချင်းစာနာ ထောက်ထားသည့် အကူအညီများ ပေးအပ်ရန် စီစဉ်ခြင်းကို အစ္စလာမ္မစ် နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ချုပ် (OIC) က ကြိုဆိုလိုက်သည်။

KS-RELIEF က ရခိုင်ပြည်နယ်ရှိ ကျေးရွာ ၃၅ ရွာတွင် စိုက်ပျိုးရေး လုပ်ငန်းများ ဖွံ့ဖြိုးရန် ကူညီထောက်ပံ့ခြင်း၊ လူမှုဘဝ ပိုမို ကောင်းမွန်လာစေရန် ကူညီခြင်း စသည့် စီမံကိန်းများအတွက် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာ သူများဆိုင်ရာ အဖွဲ့ချုပ် (IOM) နှင့် သဘောတူ စာချုပ် လက်မှတ်ရေးထိုး လိုက်ကြောင်း OIC က နိုဝင်ဘာလ ၆ ရက်နေ့တွင် ထုတ်ပြန်သည်။

ဆော်ဒီအာရေဗျ၏ အထက်ပါ အကူအညီက ရခိုင်ပြည်နယ်အတွင်း နေထိုင်သူများကို ပြည်ပ နိုင်ငံများသို့ တရားမဝင် ရွှေ့ပြောင်း သွားလာရန် ကြိုးပမ်းခြင်းမှ တားဆီးပေးမည်ဖြစ်ပြီး ယင်းဒေသရှိ လူမှုဘဝများကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း OIC က ဆို ထားသည်။

OIC အဖွဲ့ဝင် အခြားနိုင်ငံများ၊ အရပ်ဘက် အဖွဲ့အစည်းများ အနေနှင့်လည်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ယင်းသို့သော အကူအညီများ ပေးအပ်ရန် တိုက်တွန်းကြောင်း OIC ၏ နိုဝင်ဘာလ ၆ ရက်နေ့ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။




FOLLOW US