News

POST TAGGED AS

ရခိုင်ပြည်နယ်

အဖရခိုင် ပါတီလျှောက်ထားမှု ပယ်ချခံရ
စစ်တွေ၊ စက်တင်ဘာ ၁ 

ရခိုင်ပြည်နယ်တွင် အဖရခိုင်အမည်ဖြင့် အသစ်တည်ထောင်ရန် မှတ်ပုံတင် ခွင့်လျှောက်ထားမှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပယ်ချလိုက်ကြောင်း ပါတီတည်ထောင်လိုသူများ၏ ကိုယ်စားလှယ်ထံမှ သိရသည်။

ပါတီတည်ထောင်မည့် ကိုယ်စားလှယ်များနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တို့ ဩဂုတ်လ ၃၁ ရက်က တွေ့ဆုံခဲ့ရာ ပါတီအား “အဖရခိုင်” ဆိုသော နာမည်ဖြင့် တည်ထောင်ခွင့်မပြုနိုင်ဟု ပြောကြားကြောင်း၊ အဆိုပါနာမည်ဖြင့် တည်ထောင်ခွင့်မပြုသော်လည်း အခြားသောနာမည်ဖြင့် မှတ်ပုံတင်ခွင့် လျှောက်ထားရန်အတွက် ပါတီတည်ထောင်လိုသူများနှင့် ဆွေးနွေးရမည်ဖြစ်ကြောင်း ပါတီတည်ထောင်လိုသူများ၏ ကိုယ်စားလှယ် ဦးစိုးဝင်းက ရှင်းပြသည်။ 

“ကော်မရှင်ဥက္ကဋ္ဌကတော့ အဖပါတဲ့နာမည်၊ အမိပါတဲ့ နာမည်တွေနဲ့ တည်ထောင်ခွင့်မပြုဘူးပေါ့။ ဒါတွေဟာ နိုင်ငံတွေမှာသုံးတဲ့ နာမည်တွေဖြစ်လို့ ခွင့်မပြုနိုင်တာလို့ပြောတယ်”ဟု ဦးစိုးဝင်းက ရှင်းပြသည်။

အဖရခိုင်ပါတီသစ်ကို တည်ထောင်လိုသူ ၂၀ ဦးရှိပြီး ပါတီမှတ်ပုံတင်ခွင့်ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တွင် လျှောက်ထားခဲ့သည်။

ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပါတီမှ နုတ်ထွတ်ခွင့်တင်ပြီးနောက် ယင်းပါတီသစ်အား တည်ထောင်ရန် လျှောက်ထားခဲ့သော်လည်း ဒေါက်တာအေးမောင်ကို ANP ပါတီက နုတ်ထွက်ခွင့်မပြုခဲ့ဘဲ ပါတီသစ် တည်ထောင်လိုသူစာရင်းတွင်လည်း မပါဝင်ပေ။ 

ဒေါက်တာအေးမောင် အဖမ်းမခံရသည့် အချိန်နာရီပိုင်းအလိုတွင် အဖရခိုင်ပြည်ကြီးကို လူထုနှင့်အတူ ကာကွယ်စောင့်ရှောက်ရန် ပါတီသစ် တစ်ခုပေါ်ပေါက်လာမည်ဖြစ်ကြောင်း The Voice သို့ပြောကြားခဲ့သည်။

ဒေါက်တာအေးမောင်၏ သားဖြစ်သူ ဦးတင်မောင်ဝင်းက အဖရခိုင်ပါတီသစ် တည်ထောင်ခွင့် မပြုသေးသည့်အတွက် နိုဝင်ဘာလ ၃ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်တွင် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။  

R-22




FOLLOW US