News

POST TAGGED AS

ရခိုင်ပြည်နယ်

ရခိုင်တွင် ရေကြီး၍ စာသင်ကျောင်း ၃၀၀ နီးပါး ပိတ်ထားရ

စစ်တွေ၊ ဇွန် ၁၆

ရခိုင်ပြည်နယ်တွင် ရေကြီးနေမှုကြောင့် အခြေခံပညာစာသင်ကျောင်းပေါင်း ၃၀၀ နီးပါး ပိတ်ထားရကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိန်ထွန်းလှက ပြောကြားသည်။

ရေကြီးမှုကြောင့် မင်းပြားမြို့နယ်တွင် စာသင်ကျောင်း ၁၅၉ ကျောင်း၊ မြောက်ဦးမြို့နယ်တွင် စာသင်ကျောင်း ၄၆ ကျောင်း၊ ကျောက်တော်မြို့နယ်တွင် စာသင်ကျောင်း ၁၉ ကျောင်းနှင့် အခြားမြို့နယ်တို့ရှိ စာသင်ကျောင်းအချို့ ပိတ်ထားရကြောင်း ၎င်းထံမှ သိရသည်။

လတ်တလောအချိန် မင်းပြားမြို့နယ်တွင် စာသင်ကျောင်း ၁၅၉ ကျောင်း၊ မြောက်ဦးမြို့နယ်တွင် စာသင်ကျောင်း ၄၆ ကျောင်း၊ ကျောက်တော်မြို့မှာ စာသင်ကျောင်း ၁၉ ကျောင်းအပြင် အခြားမြို့နယ်တို့ တွင်လည်း ပိတ်ထားရကြောင်း၊ ရေလမ်းဖြင့်သာ ကျောင်းသွားရမှု အများဆုံးဖြစ်သော ဂွမြို့နယ်သို့ ဆက်သွယ်မရသဖြင့် ကျောင်းပိတ်ထားမှု အခြေအနေကို လတ်တလော မသိရသေးကြောင်း၊ ကျောင်းပိတ်ထားမှုကြောင့် ကျောင်းသားကျောင်းသူများ၏ ပညာရေး မထိခိုက်စေရေးအတွက် ဘေးလွတ်ရာ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံများတွင် ပညာသင်ကြားပေးရန် ညွှန်ကြားထားကြောင်း ၎င်းကရှင်းပြသည်။

“ဘုန်းတော်ကြီးကျောင်းတွေမှာ စာပြပေးဖို့က အဆင်မပြေဘူး ရေဘေးဒုက္ခသည်တွေက ပြည့်နေတာကို ကျွန်တော်တို့ ဒီမှာ သွားပြနေလို့ အဆင်မပြေတာ၊ မြို့ပေါ်က ဆရာတွေက ကိုယ်တာဝန်ကျနေတဲ့ ရွာကိုသွားဖို့လည်း မဖြစ်နိုင်ဘူး”ဟု မင်းပြားမြို့နယ်က မူလတန်းပြဆရာ ဦးမင်းသိန်းဇော်က ပြောကြားသည်။

ပိတ်ထားရသော စာသင်ကျောင်းများတွင် ကျေးရွာများမှ မူလတန်းကျောင်းများ အများဆုံး ပါဝင်ပြီး မြို့ပေါ်ရှိ ကျောင်းများနှင့် အထက်တန်းကျောင်းများလည်းပါဝင်ကြောင်း ပြည်နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

လက်ရှိတွင် မင်းပြား၊ မြောက်ဦး၊ ဗကျာက်တော်မြို့နယ်တို့တွင် ရေကျဆင်းသွားပြီဖြစ်သော်လည်း ကျောင်းများလည်း ပြန်မဖွင့်နိုင်သေးကြောင်း ဒေသခံများထံမှ သိရသည်။

R-22



FOLLOW US