News

POST TAGGED AS

ရခိုင်ပြည်နယ်

ဒုက္ခသည်များ ပြန်လည်လက်ခံရေး မြန်မာအစိုးရနှင့် ကုလသမဂ္ဂအဖွဲ့အစည်း နှစ်ခု ယနေ့ MoU ထိုးမည်
ရန်ကုန်၊ ဇွန် ၅

ရခိုင်ပြည်နယ်မြောက်ပိုင်း အရေးနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသည့် ဒုက္ခသည်များ ပြန်လည် လက်ခံရေး အစီအစဉ်တွင် ပူးပေါင်းပါဝင်ရန် မြန်မာအစိုးရနှင့် ကုလသမဂ္ဂ အဖွဲ့အစည်း နှစ်ခုတို့ ယနေ့ (ဇွန်လ ၆ ရက်)တွင် နားလည်မှုစာချွန်လွှာ (MoU) ထိုးသွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာကိုကိုနိုင်က ပြောကြားသည်။

“လဝကနဲ့ MoU ထိုးမှာပါ။ ကျွန်တော်တို့က အသိသက်သေအနေနဲ့ လာရမယ်။ ပထမတစ်ခါ ညှိနှိုင်းတုန်းကလည်း ကျွန်တော်တို့ပါတယ်။ အခုလက်ကျန်ညှိနှိုင်းထားတဲ့ အချက်အလက်တွေကို MoU ထိုးမှာပါ”ဟု ၎င်းက ဆိုသည်။

နားလည်မှုစာချွန်လွှာ MoU ရေးထိုးပွဲကို နေပြည်တော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ရုံးအမှတ် (၂၀) တွင် ပြုလုပ်မည် ဖြစ်သည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအား ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးအေးလွင်က “ဘယ်လိုအချက်တွေပါသလဲဆိုတာကို ပြောဖို့စောပါသေးတယ်။ ဒုက္ခသည်တွေ ပြန်လည် လက်ခံရေး လုပ်ငန်းစဉ်တွေမှာ ပူးပေါင်းကူညီဖို့ အချက်တွေပါပဲ။ တရားဝင် ထုတ်ပြန်ပေးပါမယ်”ဟု ဆိုသည်။
 
မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်ရုံး (UNDP) တို့ ဘင်္ဂလားဒေ့ရှ်မှ ပြန်လာမည့်ဒုက္ခသည်များကို ပြန်လည်လက်ခံရေး အစီအစဉ်များကို ပူးပေါင်းဆောင်ရွက်ရန် မေလ ၃၁ ရက်က သဘောတူညီမှု ရရှိခဲ့သည်။

J-18



FOLLOW US