News

POST TAGGED AS

ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးအိမ်နှင့် ပြည်နယ်တရားလွှတ်တော်ရုံး မိုင်းဖေါက်ခွဲခံရ


စစ်တွေ ဖေဖော်ဝါရီ ၂၄ ရက်

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေနေအိမ်နှင့် ပြည်နယ်တရားလွှတ်တော်ရုံးတို့တွင် ယနေ့နံနက် ၄ နာရီကျော်အချိန်က လက်လုပ်မိုင်းဖေါက်ခွဲမှုများ ဖြစိပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ၏ နေအိမ်ခြံဝန်းထဲတွင် မိုင်းတစ်လုံးပေါက်ကွဲပြီး တရားလွှတ်တော်ရှေ့တွင် တစ်လုံးနှင့် ဦးတင်မောင်ဆွေ အိမ်အနီးရှိ ပြည်နယ်မြေစာရင်း ဦးစီးဌာန ရုံးရှေ့မှာလည်း တစ်လုံးပေါက်ကွဲခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယင်းသို့ မိုင်းပေါက်ကွဲခြင်းကြောင့် လုံခြုံရေးဝန်ထမ်းတစ်ဦးနှင့် ဆရာဝန်တစ်ဦးတွင် ဒဏ်ရရာရှိသွားသော်လည်း မပြင်းထန်ကြောင်း ရဲမှူးကြီးအောင်မြတ်မိုးက ပြောကြားသည်။

R-22



FOLLOW US