News

POST TAGGED AS

ရခိုင်ပြည်နယ်

ဆိုက်ဘာလုံခြုံရေး အားအနည်းဆုံး ငါးနိုင်ငံ၌ မြန်မာပါဝင်
ရန်ကုန်၊ ဩဂုတ် ၃၁

အမေရိကအခြေစိုက် ထိပ်တန်း နည်းပညာကုမ္ပဏီ Microsoft ၏ ဆိုက်ဘာလုံခြုံရေး အစီအရင်ခံစာသစ်၌ မြန်မာနိုင်ငံသည် ဆိုက်ဘာလုံခြုံမှု အနည်းဆုံး ငါးနိုင်ငံတွင် ပါဝင်နေကြောင်း ယင်းအစီရင်ခံစာအရ သိရသည်။

Microsoft Asia Pacific ၏ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးထောက်လှမ်းမှု အစီရင်ခံစာ (Security Intelligence Report- SIR) မှ တွေ့ရှိချက်များကို ထုတ်ပြန်ခဲ့ရာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်နိုင်ငံတို့သည် အာရှပစိဖိတ်ဒေသတွင် ဆော့ဖ်ဝဲများမှ တိုက်ခိုက်မှုကို ခုခံနိုင်စွမ်း အနည်းဆုံး နိုင်ငံများဖြစ်ကြောင်း Microsoft ထံမှ သိရသည်။

ယင်းအပြင် ၂၀၁၇ ခုနှစ် ဇန်နဝါရီမှ မတ်လအထိ လေ့လာဆန်းစစ်ချက်များအရ မြန်မာနိုင်ငံတွင် Malware (ကွန်ပျူတာနှင့် ကွန်ပျူတာစနစ်များကို နှေးကွေးစေ၊ ပျက်စီးစေသည့်ဆော့ဖ်ဝဲ) နှင့် ယခုနှစ်ပထမလ လေးပတ်အတွင်းတွင် ထိတွေ့မှုသည် ပျမ်းမျှ ၂၃ ဒသမ ၈ ရာခိုင်နှုန်းအထိရှိကြောင်း Microsoft ထံမှ သိရသည်။

J-01



FOLLOW US