News

POST TAGGED AS

ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ် ပညာရေးမြင့်မားရေး၊ တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက် မြင့်မားရေးနှင့် ကျောင်းသား ကျောင်းသူများ၏ အတန်းချိန်မှန်ရေးအတွက် ကျောင်းအသီးသီးရှိ ကျောင်းအုပ်ကြီးများ အနေနှင့် တစ်ရက်လျှင် အနည်းဆုံးတစ်ကြိမ် စာဝင်ရောက်သင်ကြားရန် ညွှန်ကြားထားကြောင်း ပြည်နယ် ပညာရေးမှူး ဦးအောင်ကျော်ထွန်းက ပြောကြားသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများ၏ လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေများနှင့် ပတ်သက်၍ နိုင်ငံရေးပါတီ (၁၄) ပါတီ၏ အကြံပြုချက်များကို ကြိုဆိုကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Fillippo Grandi နှင့် အဖွဲ့ဝင်များသည့် ရခိုင်ပြည်နယ်သို့ ရောက်ရှိနေပြီး၊ ဒုက္ခသည် စခန်းများကို သွားရောက် တွေ့ဆုံမည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ပြန်ကြားရေးဆက်သွယ်ရေး အရာရှိ ဦးသက်ဆွေက ပြောကြားသည်။
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ကျေးရွာတွင် ဇွန်လ ၁၂ ရက် နံနက် ၃ နာရီက လေဆင်နှာမောင်း တိုက်ခတ်ခဲ့မှုကြောင့် အမျိုးသမီးနှစ်ဦး သေဆုံးကာ လူခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါမြို့နယ် မဲဆန္ဒနယ်၏ လွှတ်တော်ကိုယ်စားလှယ်နှင့် ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်သူ ဦးစံကျော်လှက ပြောကြားသည်။
မေလ ၂၄ ရက်၌ ကျင်းပရန် စီစဉ်ထားသော ၂၁ ရာစု ဒုတိယအကြိမ် ပင်လုံညီလာခံ အစည်းအဝေးသို့ ရခိုင်အမျိုးသားပါတီနှင့် ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP) တို့ တက်ရောက်ရန် မသေချာသေးကြောင်း အဆိုပါ အဖွဲ့များထံမှ သိရသည်။
ရှေ့လျှောက် NLD ဟာ ပိုမိုကြမ်းတမ်းတဲ့ နိုင်ငံရေးခရီးလမ်းကို လျှောက်လှမ်းရမှာ မလွဲပါဘူး။ NLD အနေနဲ့ ဘယ်လိုမျိုးသော ပြုပြင် ပြောင်းလဲမှုတွေ လုပ်မလဲဆိုတာ အများက စိတ်ဝင်တစား လေ့လာစောင့် ကြည့်နေကြမှာ ဖြစ်ပါတယ်။ အခုဆို ၈၈ အုပ်စုတွေက ခိုင်မာအားကောင်းတဲ့ နိုင်ငံရေးပါတီတစ်ရပ် ပေါ်ထွန်းဖို့ စီမံဆောင်ရွက်လာနေကြပါပြီ။
မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ် စက်တင်ဘာလမှ စတင်ပြီး လက်ရှိအချိန်ထိ နေရပ်စွန့်ခွာ တိမ်းရှောင်သူ ၂၃၇,ဝ၀ဝ ရှိ နေပြီဟု ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဧပြီလ ၂၉ ရက်နေ့က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
ရက္ခိုင့်တပ်မတော်ဖလား AA Cup ဘောလုံးပွဲနှင့် ရက္ခိုင့်တပ်မတော်နေ့ အထိမ်းအမှတ်ပွဲ ကျင်းပသည့် မြောက်ဦးမြို့ မြတန်းဆောင် ဆရာတော်နှင့် ဦးဆောင်ကျင်းပသည့် ကိုခိုင်နီမင်းတို့ကို တပ်မတော်က အမှုဖွင့်ခဲ့သဖြင့် ဖမ်းဆီးခဲ့ကြောင်း မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။
ရခိုင်ပြည်နယ်အတွင်း နှစ်နှစ်ကြာ ရပ်နားထားသည့် ကမ်းရိုးတန်းသွား ခရီးသည်တင် သင်္ဘောများနေရာတွင် အစားထိုး ပြေးဆွဲရန် ဂျပန်နိုင်ငံမှ ပေးအပ်လှူဒါန်းသည့် အမြန်ရေယာဉ် သုံးစီးအနက် ကစ္ဆပနဒီ (၁) အမြန်ရေယာဉ်ကို ယနေ့ (မတ်လ ၂၉ ရက်)က စစ်တွေမြို့တွင် လွှဲပြောင်း ပေးအပ်ခဲ့သည်။
ရခိုင်ပြည်နယ် ဂွမြို့နယ်အတွင်း သစ်တောဌာနနှင့် Mighty Marine ကုမ္ပဏီ ပူပေါင်းပြီး သစ်ထုတ်လုပ်နေမှုကို ရပ်တန့်ပေးရန် ယနေ့ (မတ်လ ၁၉ ရက်) ဆန္ဒပြခဲ့ကြောင်း ဆန္ဒပြရာတွင် ပါဝင်ခဲ့သည့် ရွှေကွင်းကျေးရွာမှ ကိုမင်းခိုင်က ပြောကြားသည်။