News

POST TAGGED AS

ရခိုင်အရေး

...ယနေ့ကမ္ဘာပေါ်တွင် ဖြစ်ပေါ်နေသော အစွန်းရောက် အကြမ်းဖက်သမားများ၏ အဖျက်အမှောင့် အန္တရာယ်များ၊ ထိုအစွန်းရောက် အကြမ်းဖက်သမားများအတွက် အားပေးကူညီမှုများနှင့် မိမိတို့နိုင်ငံအတွက် မီဒီယာ ထုတ်လွှင့်ချက်နှင့် အထွေထွေ အားနည်းမှုများအပေါ် အမှန်ကိုအမှန်အတိုင်း သိမြင်လက်ခံကြရတော့မည့် အချိန်အခါတစ်ခုကို အမှန်ကျရောက်နေပြီ ဖြစ်ပါသည်။
03-Sep-2017 tagged as ရခိုင်အရေး
ပြီးခဲသည့် ဩဂုတ်လ ၂၅ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသတွင် ARSA အစွန်းရောက်အကြမ်းဖက်အဖွဲ့ ကြောင့် အသက်ဆုံးရှုံးခဲ့သော နိုင်ငံ့ဝန် ထမ်းများ၊ ပြည်သူများအတွက် ဆုတောင်း မေတ္တာပို့ အခမ်းအနားကို ယနေ့ ညနေပိုင်းတွင် ကျင်းပခဲ့သည်။
ရခိုင်ပြည်နယ်တွင် လူမျိုးရေးပဋိပက္ခများကြောင့် စစ်ဘေးရှောင်နေသူများအတွက် မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ၎င်းတို့၏နေ့တွက်ခ တစ်နေ့တာ ရရှိငွေများကို စုပေါင်းကာလှူဒါန်းမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များထံမှ စုံစမ်း သတင်းရရှိသည်။
ရခိုင်ဒေသတွင် ဖြစ်ပွားနေသည့် အခြေအနေများကြောင့် မြန်မာနိုင်ငံအပေါ် ပစ်မှတ်ထားပြီး ဆိုက်ဘာ တိုက်ခိုက်မှုများကို တူရကီအခြေစိုက် ဟက်ကာများက လုပ်ဆောင်လာခဲ့ပြီးနောက် မြန်မာဟက်ကာများက တူရကီဝက်ဘ်ဆိုက်များကို လက်တုံ့ပြန်တိုက်ခိုက်နေပြီး ဝက်ဘ်ဆိုက် ၂၀ဝ ကျော်ကို Deface လုပ်လိုက်သည်။
31-Aug-2017 tagged as ရခိုင်အရေး
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသော အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာလာသူ တစ်သောင်းကျော်အတွက် သုံးရက်တာ ဖူလုံစေမည့်စားနပ်ရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများကို ဩဂုတ်လ ၃၁ ရက်တွင် ပို့ဆောင်မည်ဖြစ်သောကြောင့် နှစ်ရက်အတွင်း ရောက်ရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အရေးပေါ် စီမံခန့်ခွဲရေးဌာန ညွန်ကြားရေးမှူး ဒေါ်စန်းစန်းမော်က ပြောကြားသည်။
ဒီဥပဒေအရ အရေးယူဆောင်ရွက်မယ်ဆိုရင် အကြမ်းဖက် အဖွဲ့အစည်းများကို သာမက ငွေကြေး၊ နေရာ၊ သယ်ယူပို့ဆောင်ရေး အပါအဝင် ကူညီပံ့ပိုးသူများ၊ ပါဝင်ပတ်သက်သူများ အားလုံးကို ကျယ်ကျယ်ပြန့်ပြန့် အရေးယူ ဆောင်ရွက်မှာဖြစ်တဲ့အတွက် ပြည်တွင်းပြည်ပက ပါဝင်ပတ်သက်သူများကိုပါ အရေးယူ ဆောင်ရွက်နိုင်တော့မှာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ် ပြဿနာနှင့်ပတ်သက်၍ ဗြိတိန်နိုင်ငံ၏ တောင်းဆိုချက်အရ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) တံခါးပိတ် အစည်းအဝေးကို ဗုဒ္ဓဟူးနေ့(ယမန်နေ့)က ကျင်းပပြုလုပ်ခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည် အစိုးရကို လုံခြုံရေးကောင်စီက ထောက်ခံနေဆဲဖြစ်ကြောင်း ဗြိတိန်သံအမတ်ကြီး မက်သျှူးရိုင်းခရော့ဖ်က ပြောကြားခဲ့သည်။
30-Aug-2017 tagged as ရခိုင်အရေး
ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်အုပ်စုနှင့် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များအကြား ဖြစ်ပေါ်နေသော တိုက်ခိုက်မှုများ အရှိန်မြင့်တက်လာသည့်ကိစ္စကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေး ခေါ်ယူရန် ဗြိတိန်နိုင်ငံက တင်ပြထားကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်က ထုတ်ပြန်သော အစီရင်ခံစာကို ကန့်ကွက်ပွဲနှင့် ရခိုင်ပြည်နယ် အကြမ်းဖက်မှု ရှုတ်ချပွဲတွင် အမျိုးသားရေး ဦးဆောင်ဆရာတော် ဦးဝီရသူက ရခိုင်ပြည်နယ် မောင်တောဒေသတွင် စစ်အုပ်ချုပ်ရေး ကြေညာပေးရန် တောင်းဆိုခဲ့သည်။
30-Aug-2017 tagged as ရခိုင်အရေး
ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ၊ နိုင်ငံတကာ သတင်းမီဒီယာများ၏ မြေပြင်တွင် ပကတိ ဖြစ်ပေါ်နေသော အခြေအနေ၊ အဖြစ်အပျက်များနှင့် ကွဲပြားစွာ ရည်ရွယ်ချက်ရှိရှိ တစ်ဖက်သတ် လမ်းကြောင်းလွှဲရန် ကြိုးစားနေချိန်မျိုးတွင် ပြည်တွင်းမှ အစွန်းရောက်သော တောင်းဆိုဆန္ဒပြမှုများဖြင့် “သခွပ်ပင်က မီးတကျည်ကျည်”သဘောဖြင့် ညှပ်ပူး၊ ညှပ်ပိတ် ဖိအားပေးသကဲ့သို့ မဖြစ်စေလိုကြောင်း