POST TAGGED AS

ရခိုင်အရေး

31-Dec-2016

ရခိုင်အရေး
တိုင်းရင်းသား​ရေးရာ ဝန်​ကြီးဌာန ပြည်​​ထောင်​စုဝန်​ကြီး ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသား မျိုးနွယ်စုများနှင့် တွေ့ဆုံ

စစ်​​တွေ၊ ဒီဇင်​ဘာ ၃၁

တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးနိုင်သက်လွင်သည်​ ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား မျိုးနွယ်စုများနှင့်​ စစ်တွေမြို့ ဦးဥတ္တမ ခန်းမတွင်​ ဒီဇင်​ဘာ ၃၀ ရက်​​​နေ့ မနက်​ပိုင်းက ​တွေ့ဆုံ​ ဆွေး​နွေးခဲ့ကြ​ကြောင်း တက်​​ရောက်​လာသူများမှ​ ပြောကြားသည်​။

ပြည်​​ထောင်​စုဝန်​ကြီး ဦးနိုင်​သက်​လွင်​မှ ပြည်​နယ်​​ အေးချမ်း တည်​ငြိမ်​ရန်​အတွက်​ ပြည်​သူလူထုမှ ပူး​ပေါင်း ပါဝင်​ရန်​ လိုအပ်​ပြီး၊ပြည်​သူများ ပူ​ပေါင်း ပါဝင်​မှသာ နိုင်​ငံဖွံ့ဖြိုးတိုးတက်​မှုကို ရရှိမည်​ဖြစ်​​ကြောင်း ​ပြောဆိုခဲ့သည်​။

အဆိုပါ​ တွေ့ဆုံပွဲ့သို့ ရခိုင်​တိုင်းရင်းသားများ၊ မျိုးနွယ်​စုများ၊ မြို၊ ခမီ၊ ဒိုင်းနက်​၊ သက်​နှင့့်​ အခြား ဒေသခံ တိုင်းရင်းသားများလည်း တက်​​ရောက်​ခဲ့ကြပြီး ယဉ်​​ကျေးမှု၊ စာ​ပေဖွံ့ဖြိုး တိုးတက်​မှုများဖြင့်​ ပတ်​သက်​ပြီး အဓိက​ ဆွေး​နွေးခဲ့ကြ​ကြောင်း ဒိုင်းနက်​အမျိုးသား ဦး​ကျော်​ဇံမှ ​ပြောသည်​။

ချင်းတိုင်းရင်းသား​ရေးရာ ဝန်​ကြီး ဦးပုန်​​ဘွေမှလည်း ရခိုင်​ပြည်​နယ်​အတွင်း လမ်းပန်းဆက်​သွယ်​​ရေး ခက်​ခဲသည့်​အတွက်​ ​ဆက်​သွယ်​​ရေး​ ကောင်းမွန်​​အောင်​ ​ဆောင်​ရွက်​​ပေးရန်​​ တောင်းဆိုခဲ့​ကြောင်း သိရသည်​။

တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနသည်​ အစိုးရသစ်​ လက်​ထက်​တွင်​ အသစ်​ဖွဲ့စည်းခဲ့သည့်​ ဝန်​ကြီးဌာန တစ်ခုဖြစ်​ပြီး၊စစ်​​တွေမြို့တွင်​ တိုင်းရင်းသား စာ​ပေနှင့်​ ယဉ်​​ကျေးမှု ဦးစီးဌာနကိုလည်း မကြာမီ တိုးချဲ့ ဖွင့်​လှစ်​သွားမည်​ဖြစ်​​ကြောင်း ချင်းတိုင်းရင်းသား​ရေးရာ ဝန်​ကြီးဦးပုန်​​ဘွေမှ ​ပြောကြားသည်​။



FOLLOW US